လီဗာပူးတောင်ပံကစားသမားကော်တင်ညိုအားခေါ်ယူရန် ဘာစီလိုနာပြင်ဆင်နေ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
489321474
နောဝစ်ခ်ျဘက်သို့ထိုးဖောက်နေသည့် ကော်တင်ညို

ဘာစီလိုနာအသင်းသည် လာမည့်ဆောင်းရာသီကစားသမားအပြောင်းအရွှေ့ဈေးကွက်တွင် လီဗာပူးတောင်ပံကစားသမားကော်တင်ညိုအားခေါ်ယူရန် ပြင်ဆင်နေကြောင်း စပိန်မီဒီယာများမှဖော်ပြ လျက်ရှိသည်။

ဘရာဇီးလက်ရွေးစင်ကွင်းလယ်ကစားသမားဖြစ်သူ ကော်တင်ညိုအနေဖြင့် လီဗာပူးအသင်းတွင်တွဲကစားခဲ့ဖူးသည့် အသင်းဖော်ဟောင်းဆွာရက်ဇ်၏ကမ်းလှမ်းမှုအား လက်ခံရရှိခဲ့ပြီးနောက် ယခုကဲ့သို့သတင်းများထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ အသင်း ၂ သင်းလုံးက အတည်ပြုချက်ထုတ်ပြန်ခဲ့ခြင်းမရှိသော်လည်း စပိန်မီဒီယာများကမူ ဘာစီလိုနာအသင်းအနေဖြင့် လာမည့်နွေရာသီကစားသမားအပြောင်းအရွှေ့တွင် ကော်တင်ညိုအားခေါ်ယူရန် ရာနှုန်းပြည့်နီးပါးသေချာနေကြောင်း အခိုင်အမာဖော်ပြနေခဲ့ခြင်းဖြစ်သည်။

comments

error: Content is protected !!