အောင်မြင်မှုများရရှိနေသည့်လျှို့ဝှက်ချက်မှာ နည်းစနစ်ကျွမ်းကျင်ခြင်းကြောင့်ဟု ၀က်စ်ဟမ်းနည်းပြ ဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
489132160
မန်စီးတီးနှင့်ပွဲကတွေ့ရသည့် ဘီလစ်

ဝက်စ်ဟမ်းနည်းပြဘီလစ်က ပရီးမီးယားလိဂ်အဝေးကွင်း တတိယမြောက်နိုင်ပွဲအဖြစ် မန်စီးတီးကို ၂-၁ ဖြင့်အနိုင်ရခဲ့ခြင်းမှာ အသင်းကစားသမားများ၏ နည်းစနစ်ကျွမ်းကျင်ခြင်းကြောင့် ဖြစ်သည်ဟု ပြောကြားလိုက်သည်။

ယခုနှစ် ပရီးမီးယားလိဂ်အမှတ်ပေးဇယား တတိယနေရာ၌ရပ်တည်နေသော ၀က်စ်ဟမ်းအသင်းမှာ အာဆင်နယ်၊ လီဗာပူးတို့၏ အိမ်ကွင်းများတွင် အနိုင်ယူနိုင်ခဲ့ပြီး မန်စီးတီးအသင်းကို ထပ်မံအနိုင်ရရှိခဲ့သောကြောင့် အဝေးကွင်းနိုင်ပွဲဆက်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်ဘောလုံးရာသီတွင် ၀က်စ်ဟမ်းနည်းပြအဖြစ်ကိုင်တွယ်ခဲ့သော ဆမ်အလာဒိုက်မှာ ကြံ့ခိုင်မှုအသားပေးယှဉ်ပြိုင်ခဲ့ခြင်းကြောင့် ပရီးမီးယားလိဂ်အသင်းကြီးများနှင့်ပွဲတွင် အပြင်းအထန်ရုန်းကန်ခဲ့ရပြီး ယခုနည်းပြဘီလစ်က မိမိမှာ နည်းစနစ်အသားပေးကစားခြင်းကြောင့် နိုင်ပွဲရခဲ့သည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

ဘီလစ်က ”ကျွန်တော်နဲ့ နည်းပြအဖွဲ့ဝင်တွေက ဘောလုံးကစားတတ်တဲ့သူတွေ လိုချင်တာပါ။ ကျွန်တော်တို့က ကိုယ့်ဂိုးဧရိယာရှေ့မှာ ခံစစ်ကောင်းကောင်းကစားနိုင်ပါတယ်။ ဒါပေမဲ့ ကစားသမားတွေက နေရာအနှံ့ကစားတတ်ရပါမယ်။ လက်ရှိကစားသမားတွေထက်ပိုပြီး နည်းစနစ်ပိုင်းကျွမ်းကျင်တဲ့ ကစားသမားတွေ မရှိပါဘူး။ အခုခြေစွမ်းအတိုင်း ဘယ်လောက်ဆက်ကစားနိုင်မလဲတော့ မသိပါဘူး။ ဒါပေမဲ့ အရေးကြီးတာက အသင်းအတွက်ပေးဆပ်တဲ့ကစားသမားတွေရှိဖို့ပါပဲ။ “ဟုပြောကြားခဲ့သည်။

comments

error: Content is protected !!