ဗီဒယ်လ်ဘက်မှ ဂွါဒီယိုလာကာကွယ်တုံ့ပြန်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
482268518
လေ့ကျင့်ရေးကွင်းတွင်တွေ့ရသည့် ဂွါဒီယိုလာနှင့် ဗီဒယ်လ်

ဘိုင်ယန်မြူးနစ်နည်းပြဂွါဒီယိုလာသည်၎င်း၏ကစားသမားဗီဒယ်လ်ကိုချန်ပီယံလိဂ်ပွဲစဉ်ခြေစွမ်းနှင့်ပတ်သက်၍ အသင်းဂုဏ်ထူးဆောင်ဥက္ကဋ္ဌဘက်ကင်ဘောင်ဝါက ဝေဖန်ခဲ့သည့်အပေါ် ကာကွယ်တုံ့ပြန်လိုက်သည်။

ဘိုင်ယန်အပေါ်လွှမ်းမိုးမှုရှိသည့်ဘက်ကင်ဘောင်ဝါသည် ဗီဒယ်လ်ကိုယခင်ကလည်း စည်းကမ်းလိုက်နာရန် တိုက်တွန်းခဲ့ဖူးသူဖြစ်သည်။

ယခုတစ်ကြိမ်တွင်ဘက်ကင်ဘောင်ဝါကဗီဒယ်လ်အားအိုလံပီယာကော့စ်နှင့်ပွဲ၌ ခြေစွမ်းမပြနိုင်ဟု ဝေဖန်ခဲ့ခြင်းဖြစ်ပြီး၎င်းက”မလှုပ်မရှားဘဲကစားတဲ့ ဘောလုံးသမားမျိုးအသင်းမှာမလိုအပ်ပါဘူး။သူ့ကိုတော်တော်မျှော်လင့်ထားခဲ့တာပါ။သူကောင်းကောင်းကစားနိုင်ပါတယ်။ လူပေးမှားတာ၊ တစ်ဦးချင်းဖျက်ထုတ်မှုဆုံးရှုံးတာတွေမဖြစ်လို့မရဘူးလို့ မပြောပါဘူး။ဒါပေမဲ့ အားထုတ်မှုလေးတော့ ရှိရမှာပေါ့”ဟု ဝေဖန်ခဲ့ခြင်းဖြစ်သည်။

သို့သော် သတင်းထောက်များနှင့် သောကြာနေ့ကတွေ့ဆုံခဲ့သည့် ဂွါဒီယိုလာက”မစ္စတာဘက်ကင်ဘောင်ဝါရဲ့စကားကို ကျွန်တော်လက်မခံဘူး။ ဗီဒယ်လ်က ဘိုင်ယန်ကစားသမားပါ။သူတို့ကိုယ်တိုင်က စာချုပ်ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တာပဲ။ ပြီးတော့ သူက ကစားသမားကောင်းပါ” ဟု တုံ့ပြန်ခဲ့သည်။

အိုလံပီကော့စ်ပွဲစဉ်တွင် ဗီဒယ်လ်မှာ လူပေးတိကျမှု ၉၂.၅ ရာခိုင်နှုန်းရှိခဲ့ပြီးအလွန်ဆို၊ အယ်လ်ကန်တာရာတို့၏နောက်တွင် ရပ်တည်ခဲ့သည်။ ထို့အပြင် ၎င်းပါဝင်ကစားခဲ့သည့် ၇၉ မိနစ်အတွင်း ၉.၅ ကီလိုမီတာ ပြေးလွှားကစားခဲ့သည်။သို့သော် တစ်ဦးချင်းဖျက်ထုတ်ရာတွင်အောင်မြင်မှု ၃၆.၄ ရာခိုင်နှုန်းသာရှိခဲ့သည်ဟု အချက်အလက်များကဖ်ာပြမှုအပေါ်တွင် ဂွါဒီယိုလာက “အချက်အလက်တွေကို ကျွန်တော်စိတ်မ၀င်စားဘူး”ဟု ဆိုသည်။

comments

error: Content is protected !!