အာရှ ယူ-၁၉ ချန်ပီယံရှစ် အုပ်စု G တွင် မြန်မာနှင့် ဗီယက်နမ် ပြန်လည်တွေ့ဆုံ
|
ရန်ကုန်၊စက်တင်ဘာ ၁၉။
အောင်သော်ဖြိုး
မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာရှယူ-၁၉ ချန်ပီယံရှစ် အုပ်စု G တွင် မြန်မာအသင်းသည်
အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲတွင် ရှုံးနိမ့်ခဲ့ဖူးသည့် ဗီယက်နမ်အသင်းနှင့် ပြန်လည်တွေ့ဆုံနေသည်။
အုပ်စု G ပွဲစဉ်များကို စက်တင်ဘာလ ၂၈ ရက်နေ့ မှ အောက်တိုဘာလ ၆ရက်နေ့အထိ
ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းတွင် တစ်နေ့ နှစ်ပွဲနှုန်း ကျင်းပမည်ဖြစ်ကာ
မြန်မာ ယူ-၁၉ အသင်းသည် ဟောင်ကောင်၊ ဗီယက်နမ်၊ ဘရူနိုင်း၊ အရှေ့တီမောအသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေသည်။
အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဟောင်ကောင်နှင့် ဗီယက်နမ်အသင်းတို့ စက်တင်ဘာ ၂၈ရက် ၃း၃၀ နာရီတွင် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး
မြန်မာအသင်းသည် စက်တင်ဘာ ၃ဝ ရက်တွင် ဘရူနိုင်း၊ အောက်တိုဘာ ၂ရက်နေ့တွင် အရှေ့တီမော၊
အောက်တိုဘာ ၄ရက်နေ့တွင် ဟောင်ကောင်၊ အောက်တိုဘာ ၆ရက်နေ့တွင် ဗီယက်နမ်တို့နှင့် ကစားမည်ဖြစ်ကာ
မြန်မာအသင်းပွဲစဉ်တိုင်းကို ညနေ ၆း၃၀ နာရီတွင် ယှဉ်ပြိုင်မည် ဖြစ်သည်။
မြန်မာ ယူ-၁၉အသင်းသည် အာရှ ယူ-၁၉ ချန်ပီယံရှစ် ခြေစစ်ပွဲ အတွက် ပြင်ဆင်မှုများ ပြုလုပ်နေပြီး မြန်မာ ယူ-၁၆အသင်း၊ ရတနာပုံအသင်းတို့နှင့်
ခြေစမ်းပွဲများ ကစားခဲ့ပြီး အာရှယူ-၁၉ ချန်ပီယံရှစ် ခြေစစ်ပွဲဝင်မည့် ထိုင်းအသင်း နှင့်လည်း စက်တင်ဘာ ၂ဝရက်နေ့တွင် ခြေစမ်းပွဲကစားမည်ဖြစ်သည်။
မြန်မာ ယူ-၁၉ နည်းပြ ဂတ်ဖရိုင်းဒရစ်အနေဖြင့် အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်တွင် ဗီယက်နမ် အသင်းကို အုပ်စုနောက်ဆုံးပွဲစဉ်တွင် ၂-ဝ ဖြင့် ရှုံးနိမ့်ခဲ့ပြီး
အုပ်စု အဆင့်မှ လှည့်ပြန်ခဲ့ရကာ အိမ်ရှင်အဖြစ် ကျင်းပသည့် အာရှ ယူ-၁၉ ခြေစစ်ပွဲတွင် ရလဒ်ကောင်းများရယူနိုင်ရန်
အာဆီယံ ယူ-၁၉တွင် ခြေစွမ်းမပြခဲ့သည့် ကစားသမားများကို အပြောင်းအလဲ လုပ်ထားသည်။
Next : မြန်မာနှင့် ခြေစမ်းမည့် ထိုင်းအသင်း အဓိက ကစားသမား ၁ဝဦးချန်လှပ်ထား