ဂျွန်တယ်ရီမှာ ကစားသမားဘ၀နောက်ဆုံးအချိန်ရောက်ရှိနေဟု မန်ယူနောက်ခံလူဟောင်း ဖာဒီနန် သုံးသပ်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
485701512
ခရစ္စတယ်ပဲလေ့စ်နှင့်ပွဲစဉ်တွင်တွေ့ရသည့် ဂျွန်တယ်ရီ

မန်ယူကစားသမားဟောင်းဖာဒီနန်က ချဲလ်ဆီးအသင်းခေါင်းဆောင် ဂျွန်တယ်ရီအနေဖြင့် ကစားသမားဘ၀နောက်ဆုံးအချိန်ကို
ရောက်ရှိလာခဲ့ပြီဖြစ်သော်လည်း ပွဲထွက်ခွင့်ပြန်လည်ရရှိရန်ကြိုးစားနေကြောင်း၊
အသက်အရွယ်အရ ပရီးမီးယားလိဂ်အကောင်းဆုံးနောက်တန်းသမားတစ်ဦးအဖြစ်
ရပ်တည်ရန်မလွယ်ကူတော့သည်ကို နားလည်သင့်ပြီဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။

ချဲလ်ဆီးအသင်းခေါင်းဆောင်ဖြစ်သူ ဂျွန်တယ်ရီသည် ရာသီအစပွဲစဉ်များတွင် အသက်အရွယ်အရ ပုံမှန်ခြေစွမ်းအောက်ကျဆင်းနေသည့်အတွက်
နည်းပြမော်ရင်ဟို၏ ပွဲထွက်လူစာရင်းမှ ချန်လှပ်ခံခဲ့ရသော်လည်း ပြန်လည်ပါဝင်ကစားခွင့်ရရှိရန်ကြိုးပမ်းနေသည့်အတွက် ဖာဒီနန်မှ ယခုကဲ့သို့ သုံးသပ်ခဲ့ခြင်းဖြစ်သည်။

“တယ်ရီဆိုတာက ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးနောက်တန်းကစားသမားတွေထဲက တစ်ယောက်ပါ။
ဒါပေမဲ့ အသက်အရွယ်အရ အနားယူရမယ့်အချိန်ကို လက်ခံနားလည်သင့်နေပြီလို့ ထင်ပါတယ်။
အသက် ၃၄နှစ်အရွယ်ဆိုတာ ကစားသမားဘ၀ရဲ့ နောက်ဆုံးအချိန်လို့ ပြောလို့ရနေပါပြီ” ဟု ဖာဒီနန်က ၎င်း၏ အမြင်အား ထုတ်ဖော်ပြောကြားခဲ့သည်။

မက္ကာဘီတဲလ်အဗစ်နှင့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ပွဲထွက်လူစာရင်းမှ ချန်လှပ်ခြင်းခံခဲ့ရသည့် အသင်းခေါင်းဆောင် ဂျွန်တယ်ရီသည်
အာဆင်နယ်အားအနိုင်ရရှိခဲ့သည့် ပွဲစဉ်တွင်လည်း ပွဲထွက်လူစာရင်းမှ ထပ်မံချန်လှပ်ခြင်းခံခဲ့ရသည်။

comments

error: Content is protected !!