စီရော်နယ်ဒိုကဲ့သို့ တစ်ရာသီသွင်းဂိုး ၅၀ ရရန် မဖြစ်နိုင်ဟု ရာအူးလ်ဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
477152470
ရီးရဲလ်ဂန္ထ၀င်တိုက်စစ်မှူးရာအူးလ်

ရီးရဲလ်တိုက်စစ်မှူးဟောင်း ရာအူးလ်က စီရော်နယ်ဒိုအနေဖြင့် အသင်းအတွက်ဂိုးများစွာဆက်လက်သွင်းယူပေးနေမည့်သူဖြစ်ကြောင်း၊
အခြားတိုက်စစ်မှူးများ တစ်ရာသီသွင်းဂိုး ၂၀ ရရှိရန် ရုန်းကန်နေရသဖြင့် ၎င်းကဲ့သို့ ဂိုး ၅၀ သွင်းယူရန်မှာ မဖြစ်နိုင်ကြောင်း ဆိုခဲ့သည်။

တိုက်စစ်မှူးစီရော်နယ်ဒိုသည် ရီးရဲလ်အတွက် နောက်ဆုံးကစားခဲ့သည့် ပွဲစဉ် ၂ ပွဲတွင် သွင်းဂိုး ၈ ဂိုးအထိရရှိခဲ့ခြင်းကြောင့်
တိုက်စစ်မှူးဟောင်းရာအူးလ် တင်ထားခဲ့သည့် ဂိုးသွင်းအများဆုံးစံချိန်အား လိုက်မီရန် သွင်းဂိုး ၂ ဂိုးသာ လိုအပ်တော့သည့်အတွက်
ရီးရဲလ်၏ ဂိုးသွင်းအများဆုံးကစားသမားအဖြစ်ရပ်တည်ရန် အခြေအနေကောင်းခဲ့ပြီဖြစ်သည်။

“မက်ဆီနဲ့ရော်နယ်ဒိုက နှိုင်းယှဉ်လို့မရတဲ့ ပါရမီရှင်ကစားသမားတွေပါ။ ဒါပေမဲ့ ရီးရဲလ်အသင်းအတွက် ကစားပေးနေတဲ့
စီရော်နယ်ဒိုကတော့ ဂိုးများစွာ သွင်းယူပြီး အသင်းရဲ့ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နိုင်မယ်လို့ ယုံကြည်ပါတယ်။
တခြားတိုက်စစ်မှူးတွေ တစ်ရာသီသွင်းဂိုး ၂၀ရရှိဖို့ ခက်ခဲနေကြလို့ သူ့လို သွင်းဂိုး ၅၀ ရရှိဖို့ဆိုတာ မလွယ်ကူပါဘူး” ဟု ရာအူးလ်က ဆိုခဲ့သည်။

ရီးရဲလ်ကစားသမားဟောင်းရာအူးလ်သည် အသင်းအတွက် ပွဲပေါင်း ၇၄၁ ပွဲကစားပေးထားကာ ၃၂၃ ဂိုးသွင်းယူထားခဲ့ပြီး
စံချိန်သစ်တင်ရန် နီးစပ်နေသည့် စီရော်နယ်ဒိုမှာ အသင်းအတွက် ၃၀၄ ပွဲ ကစားပေးထားပြီး ၃၂၁ ဂိုး သွင်းယူပေးထားနိုင်ခဲ့သည်။

comments

error: Content is protected !!