ယာဂင်ကလော့ပ်နှင့် လီဗာပူး နိုဝင်ဘာတွင် ဆွေးနွေးဖွယ်ရှိ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
476360560
ဒေါ့မွန်နှင့်နှုတ်ဆက်ပွဲတွင်တွေ့ရသည့် ယာဂင်ကလော့ပ်

လီဗာပူးအသင်းသည် ဒေါ့မွန်နည်းပြဟောင်း ယာဂင်ကလော့ပ်အား
လက်ရှိနည်းပြဘရန်ဒန်ရော့ဂျာ၏နေရာတွင် အစားထိုးရန် ၂ ကြိမ်ချဉ်းကပ်ခဲ့ပြီး
ထိုနည်းပြကိုခေါ်ယူရေးအတွက် နိုဝင်ဘာလတွင် ဆွေးနွေးဖွယ်ရှိနေကြောင်း သိရသည်။

ရော့ဂျာမှာ ယမန်နှစ်ဘောလုံးရာသီအဆုံးက ရာထူးနေရာမတည်မငြိမ်ဖြစ်ခဲ့ပြီး
အသင်းတွင်ဆက်လက်တည်မြဲရေးအတွက် နည်းပြအဖွဲ့ဝင်များကို အပြောင်းအလဲလုပ်ခဲ့ရသည်။

ယာဂင်ကလော့ပ်မှာ ဒေါ့မွန်တွင် ၇ နှစ်ကြာ နည်းပြတာဝန်ယူခဲ့ပြီး
ပြီးခဲ့သည့်ရာသီအဆုံးက အသင်းမှာထွက်ခွာလာရာတွင် အသင်းလက်မဲ့ဖြစ်နေသူဖြစ်ပြီး
လီဗာပူး၏ ယခုရာသီအစ ရလဒ်ဆိုးရွားမှုများကြောင့် ဆက်သွယ်ခံနေရသည်။

ဂါးဒီးယန်းသတင်းဌာနမှ ဂျာနယ်လစ်ဟိုနင်စတိန်းက လီဗာပူးမှာ ကလော့ပ်ကို
၂ ကြိမ်တိုင်ချဉ်းကပ်ခဲ့ပြီး နည်းပြအဖြစ်ခန့်အပ်နိုင်ရေးအတွက် နိုဝင်ဘာလတွင်
ဆွေးနွေးလိမ့်မည်ဟု ဆိုခဲ့သည်။

“လီဗာပူးက ကလော့ပ်ကို ၂ ကြိမ်ချဉ်းကပ်ခဲ့တာ လျှို့ဝှက်ချက်မဟုတ်တော့ပါဘူး။
နွေရာသီတုန်းကတော့ သူ့ကိုမချဉ်းကပ်ခဲ့လို့ ရော့ဂျာနဲ့ပဲ ဆက်ပြီးလက်တွဲနေပါတယ်။
ဒါပေမဲ့ ကျွန်တော်သိထားသလောက်ဆိုရင် လာမယ့်နိုဝင်ဘာမှာ ကလော့ပ်ကို
သူတို့ဆွေးနွေးကြပါတော့မယ်။ အခုရာသီအတွက်လား၊ နောက်ရာသီအတွက်လားဆိုတာတော့
ကျွန်တော်သေချာမသိပါဘူး”ဟု ဟိုနင်စတိန်းက ပြောကြားခဲ့သည်။

comments

error: Content is protected !!