ချန်ပီယံဆုအတွက် လက်လျှော့မည်မဟုတ်ကြောင်း ဂျူဗင်တပ်နည်းပြ သတိပေး
|
လက်ရှိအီတလီစီးရီးအေချန်ပီယံ ဂျူဗင်တပ်အသင်းနည်းပြအယ်လီဂရီက ချန်ပီယံဆုကာကွယ်ရန်အတွက်
မည့်သည့်ပြိုင်ဘက်အသင်းကိုမှ အရှုံးပေးမည်မဟုတ်ကြောင်း၊ အမှတ်ပေးဇယားထိပ်ဆုံးအသင်းနှင့် ၈မှတ်ကွာဟနေသော်လည်း
ချန်ပီယံခြေစွမ်းပြန်ရရန် ယုံကြည်မှုပြန်လည်ရရှိခဲ့ပြီဖြစ်ကြောင်း ပြိုင်ဘက်အသင်းများသို့ သတိပေးပြောကြားခဲ့သည်။
ဂျူဗင်တပ်အသင်းသည် ၂၀၁၅-၁၆ ဘောလုံးရာသီသစ်တွင် နိုင်ပွဲရရှိရန် ရုန်းကန်ရလျက်ရှိပြီး
အမှတ်ပေးဇယားအား ဦးဆောင်နေသည့် အင်တာမီလန်အသင်းနှင့် ရမှတ် ၇မှတ်အထိ ကွာဟလျက်ရှိနေ သည်။
“စီးရီးအေချန်ပီယံဆုအတွက် လက်လျှော့မှာမဟုတ်ပါဘူး။ ရာသီအစ ရုန်းကန်နေရတယ်ဆိုပေမယ့် ပွဲတွေအများကြီး ကျန်ပါသေးတယ်။
ရိုးမား၊ အင်တာတို့အနေနဲ့ ချန်ပီယံအသင်းအဖြစ် ရေပန်းစားနေတာကို လက်ခံပါတယ်။
အဲဒီအတွက် ချန်ပီယံဆုကာကွယ်ဖို့နဲ့ အမှတ်ပေးဇယားထိပ်ပိုင်းကိုပြန်တက်ဖို့ လိုအပ်နေပါပြီ” ဟု ဂျူဗင်တပ်အသင်း၏ နည်းပြ အယ်လီဂရီက ဆိုခဲ့သည်။
ဂျူဗင်တပ်အသင်းသည် ရာသီသစ်စီးရီးအေပွဲစဉ် ၃ ပွဲကစားခဲ့ရာတွင် အူဒီးနီးစ်၊ ရိုးမား တို့အား အရေးနိမ့်ခဲ့ပြီး
ချီယေဗိုနှင့် သရေကျထားခဲ့ခြင်းကြောင့် ရမှတ် ၁ မှတ်သာရရှိထားကာ အမှတ်ပေးဇယားအဆင့် ၁၆ နေရာတွင် ရပ်တည်လျက်ရှိသည်။
Next : ဂျွန်တယ်ရီမှာ ကစားသမားဘ၀နောက်ဆုံးအချိန်ရောက်ရှိနေဟု မန်ယူနောက်ခံလူဟောင်း ဖာဒီနန် သုံးသပ်