ဂျွန်တယ်ရီမှာ ချဲလ်ဆီးအသင်းခေါင်းဆောင်အဖြစ် ရှိနေဆဲဖြစ်ကြောင်း အိုင်ဗန်နိုဗစ် ဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
LONDON, ENGLAND - SEPTEMBER 19: Kurt Zouma (C) of Chelsea celebrates scoring his team's first goal with his team mate Branislav Ivanovic (L) and Diego Costa (R) during the Barclays Premier League match between Chelsea and Arsenal at Stamford Bridge on September 19, 2015 in London, United Kingdom.  (Photo by Ian Walton/Getty Images)
ဇူးမား(လယ်) ဂိုးသွင်းပြီးနောက် အတူအောင်ပွဲခံနေသည့် အိုင်ဗန်နိုဗစ်(၀ဲ)

အာဆင်နယ်အသင်းနှင့်ပွဲစဉ်တွင် အသင်းခေါင်းဆောင်အဖြစ် ပွဲထွက်ခွင့်ရရှိခဲ့သည့် ချဲလ်ဆီးနောက်ခံလူ  အိုင်ဗန်နိုဗစ်က
အသင်းခေါင်းဆောင်ရာထူးဖြင့် ပွဲထွက်ကစားခွင့်ရရှိနေသော်လည်း ဂျွန်တယ်ရီမှာ အသင်းခေါင်းဆောင်အဖြစ် ဆက်ရှိနေဆဲဖြစ်ကြောင်း ဖွင့်ဟပြောကြားခဲ့သည်။

ချဲလ်ဆီးအသင်းခေါင်းဆောင် ဂျွန်တယ်ရီအနေဖြင့် ရာသီအစပွဲစဉ်များတွင် ပုံမှန်ခြေစွမ်းပျောက်ဆုံးခဲ့မှု များကြောင့် နည်းပြမော်ရင်ဟို၏ ပွဲထွက်လူစာရင်းမှ ချန်လှပ်ခြင်းခံခဲ့ရသည်။

” ဂျွန်တယ်ရီက အသင်းရဲ့ အဓိက ကစားသမားအဖြစ် ဆက်ရှိနေဆဲပါ။ အသင်းအတွက် အရေးကြီးဆုံး ကစားသမားတစ်ယောက်ဖြစ်သလို
အသင်းသားအားလုံးကလည်း အသင်းခေါင်းဆောင်အဖြစ် လက်ခံထားဆဲပါပဲ” ဟု ချဲလ်ဆီးဒုတိယအသင်းခေါင်းဆောင် အိုင်ဗန်နိုဗစ်က ဆိုခဲ့သည်။

ဂျွန်တယ်ရီအနေဖြင့် အသင်းပွဲထွက်လူစာရင်းမှ ချန်လှပ်ခံခဲ့ရသည့် ပွဲစဉ်များတွင် ချဲလ်ဆီးအသင်းအနေဖြင့်
နိုင်ပွဲများပြန်လည်ရရှိခဲ့ပြီး ပေးဂိုးမရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့သည်။

ထို့အပြင် အာဆင်နယ်အသင်းအား အနိုင်ရရှိခဲ့သည့်ပွဲစဉ်တွင် အသင်းခေါင်းဆောင်ဂျွန်တယ်ရီ၏ နေရာ၌
ဝင်ရောက်ကစားခွင့်ရရှိခဲ့သည့် လူငယ်နောက်ခံလူ ဇူးမားအသင်းအနေဖြင့် ချဲလ်ဆီးအတွက် သွင်းဂိုး ၁ ဂိုး သွင်းယူနိုင်ခဲ့သည့်အပြင် အကောင်းဆုံးကစားသမားဆုပါ ရရှိခဲ့သည်။

comments

error: Content is protected !!