အာဆင်နယ်မှာ အမြဲတမ်းညည်းတွားနေသည့်အသင်းဟု မော်ရင်ဟိုဝေဖန်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
489092590
ပွဲမတိုင်မီ လက်ဆွဲနှုတ်ဆက်နေသည့် မော်ရင်ဟိုနှင့် အာစင်ဝင်းဂါး

ပရီးမီးယားလိဂ်ချန်ပီယံချဲလ်ဆီးအား အရေးနိမ့်ခဲ့သည့်ပွဲစဉ်တွင်  ကော်စတာအား အရှက်မရှိ ဆက်ကစားခွင့်ပေးခဲ့သည့် ကွင်းလယ်ဒိုင်အပေါ်
စိတ်ပျက်မိကြောင်းဝေဖန်ခဲ့သည့် အာဆင်နယ်မှာ အမြဲတမ်းညည်းတွားနေသည့် အသင်းတစ်သင်းဖြစ်ကြောင်း
ချဲလ်ဆီးနည်းပြမော်ရင်ဟိုက ပွဲပြီးသတင်းစာရှင်းလင်းပွဲတွင် ပြန်လည်တုံ့ပြန်ဝေဖန်သွားခဲ့သည်။

ချဲလ်ဆီးအသင်းအားအရေးနိမ့်ခဲ့သည့် ပွဲစဉ်တွင် အာဆင်နယ်နောက်တန်းကစားသမား ဂါဘရီရယ်နှင့် ကွင်းလယ်လူကာဇိုလာတို့
အနီကတ်ပြထုတ်ပယ်ခံခဲ့ရသည့်အပေါ် နည်းပြအာစင်ဝင်းဂါးက ပြင်းထန်စွာဝေဖန်ခဲ့ပြီး ကွင်းလယ်ဒိုင်မိုက်ဒင်း၏ ဆုံးဖြတ်ချက်များအပေါ်စိတ်ပျက်မိကြောင်း ဝေဖန်ပြောကြားခဲ့သည်။

“ကွင်းအတွင်း ဖြစ်ရပ်တွေကို အတိအကျမသိရှိခဲ့သလို ဘယ်လိုမှ နားမလည်နိုင်ခဲ့ပါဘူး။ ကော်စတာကို ကွင်းအတွင်း ဆက်ကစားခွင့်ပေးပြီး
မိုက်ဒင်းအနေနဲ့ အမှားတွေကျူးလွန်ခဲ့တယ်။ မျှတမှုမရှိတဲ့ ဆုံးဖြတ်ချက်တွေအတွက် မိုက်ဒင်းအစား ရှက်မိပါတယ် “ဟု အာဆင်နည်းနည်းပြ အာစင်ဝင်းဂါးက ဆိုခဲ့သည်။

ထို့အတူ ချဲလ်ဆီးနည်းပြမော်ရင်ဟိုအနေဖြင့် ဝေဖန်မှုများခံနေရသည့်ကော်စတာအပေါ် ကာကွယ်ပြောဆိုမှုများပြုလုပ်ခဲ့ပြီး
အာဆင်နယ်အသင်းအနေဖြင့် အသက်အရွယ်ကြီးမြင့်နေသည့်သူတစ်ဦးကဲ့သို့ အမြဲတမ်းညည်းတွားနေသည့်အသင်းဖြစ်ကြောင်း ပြန်လည်တုံ့ပြန်ဝေဖန်ခဲ့သည်။

လက်ရှိချန်ပီယံချဲလ်ဆီးအသင်းသည် ၂၀၁၅-၁၆ ဘောလုံးရာသီ ပထမဆုံးပရီးမီးယားလိဂ်အိမ်ကွင်း နိုင်ပွဲရရှိခဲ့ပြီးနောက်
အမှတ်ပေးဇယားအဆင့် ၁၀ နေရာအထိ ပြန်လည်တက်ရောက်နိုင်ခဲ့ပြီဖြစ်သည်။

comments

error: Content is protected !!