မြန်မာနှင့် ခြေစမ်းမည့် ထိုင်းအသင်း အဓိက ကစားသမား ၁ဝဦးချန်လှပ်ထား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
mff
မြန်မာယူ-၁၉အသင်းနှင့် ထိုင်းယူ-၁၉အသင်း သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ်။

ရန်ကုန်၊စက်တင်ဘာ ၁၉။

အောင်သော်ဖြိုး။

အာရှ ယူ-၁၉ ချန်ပီယံရှစ် ခြေစစ်ပွဲ အကြို ပြင်ဆင်မှု အဖြစ် မြန်မာယူ-၁၉အသင်းသည် အာဆီယံ ယူ-၁၉ ချန်ပီယံ ထိုင်းအသင်း နှင့် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းတွင် စက်တင်ဘာလ ၂ဝရက် တွင် ယှဉ်ပြိုင်မည် ဖြစ်ပြီး ထိုင်းအသင်းတွင် အဓိက ကစားသမား ၁ဝဦးမပါဝင်လာကြောင်း ထိုင်းအသင်းနည်းပြက ဆိုသည်။

ထိုင်းပရီးမီးယားလိဂ်တွင်ကစားနေသည့်ကစားသမားများသည်ကလပ်အသင်းပွဲစဉ်များနှင့်တိုက်နေသောကြောင့်လိုက်ပါနိုင်ခြင်း မရှိသော်လည်းထပ်မံရွေးချယ်ထားသည့် လူငယ် ကစားသမား ၆ဦး ပါဝင်လာကြောင်း ထိုင်းနည်းပြက ရှင်းပြသည်။

ထိုင်းအသင်းသည် အာဆီယံတွင် တောင့်တင်းသော အသင်းတစ်သင်းဖြစ်ပြီး အဓိက ကစားသမားများ မပါဝင်သော်လည်း အသင်းကောင်း တစ်သင်းအဖြစ်ရှိနေသေးကြောင်း နှင့် ထိုင်းအသင်းကို အနိုင်ရလိုပါက အသင်းသားများ အနေဖြင့် နည်းပြချမှတ်ပေးသော ကစားရမည်ဖြစ်ကြောင်း မြန်မာ ယူ-၁၉အသင်း နည်းပြ ဂတ်ဖရိုင်းဒရစ်က ဆိုသည်။

မြန်မာအသင်းကိုအနိုင်ရချင်သော်လည်းမြန်မာအသင်းကစားပုံသည် တစ်ပွဲထက်တစ်ပွဲ ပိုမိုကောင်းမွန်လာပြီးကမ္ဘာ့ဖလားအဆင့် ထိတက်ရောက်အောင် စွမ်းဆောင်နိုင်သည့် နည်းပြလက်အောက်တွင် ကစားပုံ နည်းဗျုဟာ ပြောင်းလဲပုံမှာလဲ ကောင်းမွန်သောကြောင့် ခက်ခဲစွာ ရင်ဆိုင်ရမည်ဟု ထိုင်းအသင်း နည်းပြ  ကဆိုသည်။

မြန်မာ ယူ-၁၉ နှင့် ထိုင်း ယူ-၁၉ အသင်းတို့၏ ခြေစမ်းပွဲကို စက်တင်ဘာ ၂ဝ ညနေ ၅နာရီတွင် ကစားမည်ဖြစ်ကာ  MRTV မှ တိုက်ရိုက်ထုတ်လွင့်မည်ဟု သိရပြီး ကွင်းဝင်ကြေးများ အဖြစ် ရိုးရိုးတန်း ၁ဝဝဝကျပ်၊ အထူးတန်း၂ဝဝဝကျပ် သတ်မှတ်ထားကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်သည်။

comments

error: Content is protected !!