စံချိန် ဆိုတာ ရော်နာဒို အက္ခရာတွေနဲ့ အရေးအသား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
ZURICH, SWITZERLAND - JANUARY 12:  FIFA Ballon d'Or nominee Lionel Messi (L) of Argentina and Barcelona stands with fellow nominee Cristiano Ronaldo of Portugal and Real Madrid as they are selected for the FIFA/FIFPro World XI for 2014 during the FIFA Ballon d'Or Gala 2014 at the Kongresshaus on January 12, 2015 in Zurich, Switzerland.  (Photo by Alexander Hassenstein - FIFA/FIFA via Getty Images)
FIFA Ballon d'Or Gala 2014 တွင် မြင်တွေ့ရသည့် ရော်နယ်ဒိုနှင့် မက်ဆီ

တစ်ချို့တွေ လွတ်မြောက်ခဲ့ ကြသော ရက်သ တ္တပတ်ဖြစ်နိုင်ပါ သည်။ အထူးအားဖြင့် နိုင်ပွဲ မရခဲ့ကြသေးသော ဘီလ်ဘာအိုနှင့် စပါး တို့နောက် လိုက်ခဲ့ ကြသူ များရော၊ ကာယကံ ရှင်အသင်း များပါ ပေါ့။ နိုင်လောက်သော အခြေအနေ လည်းရှိသည်၊ နိုင်လို့ ရသောခြေစွမ်းလည်း ရှိနိုင်သည်။ အဲ့ဒီမှာ စပါးက ဆန်းဒါး လန်းကို ဝ-၁ ၊ ဘီလ်ဘာအိုက ဂီတာဖေးကို ၃-၁ ရလဒ်များဖြင့် ကိုယ်စီ လွတ်မြောက်ခဲ့ ကြတော့တာ..။ ဒါဖြင့် နိုင်ဖို့ သင့်တိုင်း နိုင်ခွင့် ရကြရိုးလား၊ နိုင်ပွဲတိုင်းသည် တရားမျှ တစွာ ဖူးပွင့်လေ့ရှိကြောင်း သင်ကိုယ်တိုင်အာ မခံနိုင်ပါမည်လား။ ကျွန်တော် တို့နိုင်သင့်နေပြီ၊ နိုင်လို့ရနေသော အချိန်တွေကို ကျော် ချင်တိုင်းကျော် ခဲ့ပြီ၊ သို့သော် ဟော့ ဒီ ကစားပွဲမှာတော့ ကျွန်တော် တို့နိုင်လိုမရသော အစီအမံတွေက ကွင်းတွင်း ကွင်းပြင် လျှံကျနေသည်။ ကျွန်တော်တို့ သွင်းယူခဲ့ကြသော အနိုင်ဂိုး တိုင်း အကြောင်းပြ ချက်တစ်ခု မဟုတ်တစ်ခုနှင့် ပယ်ဖျက်ခံ နေကြရဦး မည်သာ။

ချီယေဗိုက ဂျူဗင်တပ်ကို သရေကစားပြန်သည်။ သရေသည်ပင် အစီးသရေဟု ဆိုရမလား မပြောတတ်၊ ဖင်လန်ကွင်းလယ်လူ ဟီတီမတ်က ပွဲစလို့(၅)မိနစ်မှာပင် လှပသော အဖွင့်ဂိုးကို သွင်းယူနိုင်ခဲ့ပြီး ဒီဘားလားက ၈၃ မိနစ်ကျမှချေ ပဂိုးပြန်သွင်း နိုင်ခဲ့သည်။ ဂျူဗီ ၏ဘောလုံး ပိုင်ဆိုင်မှုက ၇၁ ရာခိုင်နှုန်း အထိ ရှိခဲ့ပေမယ့် အရွေ့မရှိသော လွှမ်းမိုးမှုက လွမ်းစရာ မဟုတ်၊ ချီယေဗို သည်အမ်ပိုလီနှင့် လာဇီယိုတို့ကို အနိုင်ကစားပြီးနောက် ထိပ်ဆုံး ရောက်နေရာက ဂျူဗီကို သရေကစား ခဲ့ခြင်း လည်းဖြစ်သည်။ အဲ့ဒီညက မြည်းပျံလေး များသောက် သောဝိုင်မှာ ဂျူဗီကို အနိုင်မရ လိုက်လေခြင်း ဆိုသော ဝိုင်ပင်ဖြစ်နိုင်ပါ သေးသည်။ အရင်က ဆိုလျှင်တော့ ချီယေဗိုလို အသင်းမျိုး ကိုလှောင်ပြောင်ကဲ့ ရဲ့မိလိုက်မယ့်ဖြစ် ခြင်း၊ ဘာလဲ..ဒင်းတို့က ဗိုလ်စွဲ ချင်ကြသေး လို့လား။ လျှော်ကန်မှု မရှိသော မျှော်လင့်ခြင်း ကို အပြတ် ဝယ်ပြီး မီးရှို့ ပစ်လိုက်ချင်စိတ်က ကျွန်တော့်မှာ တရိပ်ရိပ် လောင်ကျွမ်းနေ လိမ့်မည်။ ကျွန်တော်သည် သာမန်ဆိုသော အဆင့်အတန်း ကိုရွံမုန်းသူ တစ်ယောက်ဖြစ် ပါသည်။ ရှင်သန်ဖို့ ထက်အခြား ဘာကိုမှရွေးချယ်ခွင့် မရှိသူများ အဖြစ် သူတို့အနံ့ကို ကျွန်တော်နံခဲ့ဖူးသည်။ အခုတော့လည်း သာမန်တွေ၏ အစုအဖွဲ့ကို ကျွန်တော်မြင် တတ်ခဲ့ပြီ။ သူတို့မာန၊ သူတို့အိပ်မက်၊ သူတို့နေလောင်သစ်သီး တွေရဲ့ ရာဇဝင်ကိုစေ့ ငုလေ့လာဖို့ ကျွန်တော် အဆင်သင့်ဖြစ်လာ သည်။ သူတို့ သည် ဒီလောကကြီးရဲ့ အဖြည့်ခံများ အဖြစ်မွေးဖွား လာကြခြင်း မဟုတ်၊ သို့သော် ရွေးချယ်ခွင့် မရှိစွာ အဖြည့်ခံ ပတ်ဝန်းကျင်မှာ ကြီးပြင်းခဲ့ကြ ရသည်။ ဒီတော့လည်း သူတို့ကြိုးစားမှု လေးတွေ လင်းပွင့်လာခိုက်မှာ ထူးကဲစွာအောင်ပွဲ ခံချင်ကြမှာ ပဲပေါ့။ တစ်ချိန်မှာ ဗိုလ်မစွဲဖူး ဆိုတာ သိရုံနှင့် အရာရာ ကို ခေါင်း ထိုးပေးပြီး သေဆုံး ခံလိုက်ကြရ မှာလား၊ တကယ့် သတ္တိသည် အရှိတရားကို သက်ဝင်ယုံကြည်စွာ ရုန်းထွက်လို မှုဖြစ်သည်။

ဒီလိုပါပဲ၊ ရောက်တာ၊မရောက်တာ အပထား၊အသက်နှင့် အမျှ ထင်မြင်ချက်တွေ ပို့လွှတ်လိုက်ဖို့ ကတော့ ဝန်လေး သည်မရှိ၊ တကယ်တော့ လူသည် ဝေဖန်ရေး သတ္တဝါ ဖြစ်သည်၊ ဘယ်လို ပွတ်တိုက်မှု မျိုးကိုမဆို အလွယ်တကူ တုန့်ပြန်ဝေ ဖန်ဖို့အဆင်သင့်ဖြစ် နေတတ်မြဲ၊ ဟိုတလောကပင် ရုပ်သံမီဒီယာ တစ်ခုက ဒီနှစ် မက်ဆီ-ရော်နာဒို အားပြိုင်မှု အကြောင်း ပြောပါဦး ဆိုသဖြင့် တွေ့မရှောင်လို သူတစ်ယော က်အနေဖြင့်ဝေဖန် ရေးတွေအတည် ပေါက်ပြော ဆိုမိခဲ့သေးသည်။ သူတို့နှစ်ယောက်တွင် မက်ဆီက ပါရမီပိုမိုကြီးမား သူဖြစ်သည်။
မက်ဆီနှင့် တစ်တန်းတည်း ယှဉ်ရပ်နိုင်ဖို့ အားလုံး ထက်သာ လွန်သော အပြင်းထန်ဆုံးလေ့ ကျင့်မှုများ၊ ထိပ်ဆုံး ရောက်လိုသော ဆာလောင်မှု အရင်းခံများဖြင့် ရုန်းကန်တည် ဆောက်ခဲ့ရ သူက ရော်နာဒို။ သူတို့နှစ်ယောက်ကြား နှစ်တွေစီးခဲ့ပြီ။ အချိန်တွေသည် လာလီဂါတံတားအောက်မှ ဖောက်ထွက်လာ ခဲ့ကြပြီ။ ဒီအချိန် မှာ ပြန်ကြည့်လျှင် မက်ဆီ ကအေးဆေး။ သူ့ကို ဗဟိုပြု တည်ဆောက်ထား သော ဘာကာ တိုက်စစ်တွင် နေမာနှင့် ဆွာရက်ဇ်လို ကမ္ဘာ့အဆင့် ဝန်းရံသူတွေက လည်း ရှိနေသည်။ ပါရမီကြီး မားလွန်းသူ တစ်ယောက်အတွက် ပညာသက်လေး ဆက်နေရုံ မျှနှင့် ရောက်ရှိနှုန်း တွေကောက်ကွေ့ မသွားနိုင်သေး၊ ရော်နာဒို အတွက် ကျတော့ နည်းပြ သစ်ဘင်နီတက်ဇ်နှင့် အဆင်မပြေ ဆိုသော အသံတွေက လည်းရှိနေသည်။ အဲ့ဒီ ဘင်နီတက်ဇ်က ရီးရဲလ် ဝိဥာဉ်အဖြစ် ဘေးလ်ကိုပဲ ပုံဖော်ပေးတော့ မလိုလို။ ဘင်ဇီမာက လည်း အာဆင်နယ်ပဲ နေချင်း ညချင်းရောက်ရှိ သွားတော့မလို အသံတွေကြား နေရသည်။ ဒီအချိန်မှာ ရော်နာဒို တစ်ယောက် လောကကို ဘယ် လို စိတ်ဖြင့်ငေးမောကြည့် ရှူ သွားတော့ မည်လဲ။ သူ့နေရာ၊ သူ့အဆင့် မှာမြဲဖို့က သူကိုယ်တိုင်ရှာ တွေ့ထားသော စံနှုန်းတွေ အပေါ် တန်ဖိုး ထားနိုင်ဖို့ လိုအပ် ပါသည်။

မက်ဆီနှင့် ရော်နယ်ဒို

မက်ဆီနှင့် ရော်နယ်ဒို (gettyimages)

အဲ့ဒါကို သူလုပ်နိုင်ပါ တော့ မလား၊ သူသည် မက်ဆီကို မနိုင်တောင်မရှုံး ဟု ခံယူလို့ ရသွားချိန်တွင် ဘယ်လောက်အ ထိလျှော့ချ၊ လျော့ကျသွား မည်လဲ ကျွန်တော် တို့မခန့်မှန်း နိုင်။ ဒီလို တစ်ချက်ဆင်း သွားရုံမျှနှင့် မက်ဆီနှင့် သူ့ကြားက အကွာအဝေး မှာလည်း ယခင်နှစ်များနှင့် မတူပို လို့ဝေးကွာ သွားပေလိမ့်မည်။

ဟား..ဟား၊ အဲ့ဒီတုန်းက ရီးရဲလ် တွေ ဂီဂျွန်နှင့် ဂိုးမရှိ သရေကျပြီး စအချိန်ထင်ပါရဲ့၊ ဘက်တစ်ကို ၅-ဝ ဖြင့် အနိုင်ရသော ပွဲမှာလည်း သူ့ဂိုးတွေ ပါမလာတော့ (အစက တို့မပြောလား) စတိုင်လ်ဖြင့် ရယ်မော လို့မဆုံး။ အဲ့ဒီပွဲ နောက်မှာတော့ အက်စပန်ညော် ကို ဝ-၆ ဖြင့်အနိုင်ရသောပွဲမှာ တစ်ယောက်တည်း ၅ ဂိုးသွင်း သတဲ့။ ဒီ ၅ ဂိုးကြောင့် ရာအူးလ်၏ လာလီဂါ ဂိုးသွင်းစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့သလို ၂၈ ကြိမ်နှင့် လာလီဂါမှာ ဟက်ထရစ် အများဆုံး သွင်းယူနိုင်သူ လည်း ဖြစ်လာပြန် သည်။ မြတ် စွာ ဘုရား..၊ အဲ့ဒီနောက် ရှက်တာဒိုးနက် နှင့်ချန်ပီယံ လိဂ်ပွဲစဉ်မှာ လည်း ဟက်ထရစ်ရ ယူပြန်သည်။ တစ်ပတ်အ တွင်း ၈ ဂိုးတိတိ သွင်းယူခဲ့ ပါရောလား..။ ဒီပွဲမှ ဂိုးတွေကြောင့် ချန်ပီယံလိဂ်သမိုင်း တွင်ဂိုး အများဆုံး သွင်းယူနိုင်ခဲ့ သူဖြစ်လာ သလို ဒီပွဲမှ ပင်နယ်တီ ၂ ဂိုးကြောင့် ချန်ပီယံလိဂ်သ မိုင်း တွင် ပင်နယ်တီအများဆုံး သွင်းယူခဲ့သူ လည်းဖြစ်ခဲ့ပြန်သည်။ သမိုင်းတွေ၊ စံချိန်တွေ သည်သူ့ခြေထောက် အောက်တွင် ခိုလှုံ ခွင့်ပြုပါရန် အလုအယက် မေတ္တာ ရပ်ခံနေကြသလို မြင်တွေ့နေ ရတော့သည်။ ကျွန်တော် မှားသွား ပါသလား..။

ဟင့်အင်း၊ ကျွန်တော် မှားသည်ဟု မခံယူနိုင်ပါ။ သူ့အပေါ် ချဉ်းကပ်ခဲ့ ပုံရော၊ သုံးသပ်မှု အပိုင်းမှာပါ ကျွန်တော် မှားခဲ့သည်မ ထင်ပါ။ ဘင်နီတက်ဇ်နှင့် ဘင်ဇီမာတို့ကို သတင်း အခြေပြု စွပ်စွဲမိတာ တွေ အမှန်ဖြစ်မ လာတာကို တော့လက်ခံရ ပါလိမ့်မည်။ ဒီအလွဲက ရော်နာဒို အပေါ် သုံးသပ်ချက်များ ဆီသို့ လည်း သက်ရောက်မှု ရှိနိုင်ပါ သည်။ ကောင်းပြီ၊ ကျွန်တော့် သံသယများကို ရော်နာဒိုက ဘာကြောင့် အလဲထိုးနိုင်ခဲ့ ရသနည်း။ အခြားသော အချက်အ လက်ငယ်လေးတွေ များစွာ ရှိနိုင် သော် လည်း အဓိက အကျဆုံး ကတော့ (ဘယ်တော့ မှမရှုံး..) ဆိုသည့် သံမဏိ စိတ်အသွား၊ သံမဏိ စိတ်ထားက ကျွန်တော်တို့ကောက်ယူ ထားနိုင်သည့် အနေအထား တစ်ခု ထက်မြင့်သော နေရာကို ရောက်ရှိနေ တာကြောင့်ပဲဖြစ် နိုင်ပါသည်။ ကျွန်တော်က ပေတံဟောင်းကြီး သုံးခဲ့မိတာကိုး၊ သို့သော် အဲ့ဒီပေတံက အခြားသူတွေအားလုံး အတွက်တော့ အတိမ်း အစောင်းမရှိ၊ အတိအကျ အသုံးတည့်နေ တုန်းပဲရှိနိုင်ပါသည်။ ရော်နာဒို၊ သူသည်ပုံမှန်လူသား ငယ်တစ်ယောက်မ ဟုတ်တော့..။ ထိပ်ဆုံး ရောက်လိုမှု၊ အရှုံးမပေး လိုမှု၊ အချိန်တိုင်း ကြိုးပမ်းအား ထုတ်မှုများ၏ ပြယုဂ်တစ်ခု အဖြစ် သူ့ကိုကျွန်တော် အလေးပြု ပါသည်။ နောက်ဆုံး သတင်းများအရ ဘေးလ်က တစ်လ နားရမည်ဆို လား၊ ရီးရဲလ်လို အသင်း တစ်သင်း၏ အဆုံးမရှိ တိုက်ပွဲများ၊ ဖိအားများ၊ အစဉ်အလာ ကောင်းများ အားလုံးကို  သူ့ပုခုံးပေါ် တင်ပြီး တိုက်ခိုက်ယှဉ်ပြိုင် နေရဦးတော့ မည်။

ကျွန်တော်တို့က တစ်ခုထက် ရှုံးလာလျှင် တစ်ဘဝလုံး ပေးချင်ပြီ၊ စံချိန်ဆိုတာ အားလပ်သူတွေ ၏ မနိုင်ဝန်ဆု တောင်းဟု အမနာ ပခေါင်းစဉ်တပ်သည်။ အသင်း အတွက်၊ မြို့ရွာအတွက်၊ နိုင်ငံတော် အတွက်ဆိုတာ တွေအားလုံးကို ပြန်လည်နား ဆင်ရန်မ သင့်သော ခေတ်ဟောင်းတေးများ အဖြစ်သတ်မှတ်လိုက်ဖို့ လည်း အဆင်သင့်။ တကယ်တော့ ကျွန်တော်တို့ အားလုံးသည် သိပ္ပံဇာတ်ကားများ ထဲကလို ရော်နာဒို တစ်ချက်ကြည့် လိုက်မျှနှင့် အရည်ပျော် ကျသွားမည့် ပလပ်စ တစ် အစိတ်အပိုင်း များနှင့်ပင် တူညီ နေသေးတော့ သည်။

comments

error: Content is protected !!