ရတနာပုံအားရှုံးနိမ့်ပြီး ရန်ကုန်ယူနိုက်တက်၏ (၁၆)ပွဲဆက်တိုက်ရှုံးပွဲမရှိစံချိန် ကျိုးပျက်
|
စက်တင်ဘာ ၁၈။
အောင်သော်ဖြိုး။
မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်(၁၈)တွင် ပြိုင်ဆိုင်မှုပြင်းထန်သည့် ရန်ကုန်ယူနိုက်တက်နှင့် ရတနာပုံအသင်း တို့ YUSC ကွင်းတွင်ယှဉ်ပြိုင်ခဲ့ကြပြီး ရန်ကုန်ယူနိုက်တက်၏(၁၆)ပွဲဆက်တိုက်ရှုံးပွဲမရှိစံချိန်ကို ဧည့်သည်အသင်းက(၂-၃)ဂိုးဖြင့်အနိုင်ယူချိုးဖျက်နိုင်ခဲ့သည်။
အမှတ်ပေးချန်ပီယံဖြစ်ရန် အကောင်းဆုံးရေပန်းစားနေသည့် ရန်ကုန်အသင်းမှာပွဲထွက်စာရင်းတွင် ကြည်လင်းမပါဝင်ခဲ့ဘဲ ယင်းနေရာတွင် သန်းပိုင်ဝင်ကစားခဲ့ပြီး ဆီဇာ၊ အီမာဆန်၊ကျော်ကိုကိုတို့ဖြင့်လူစုံပါဝင်ခဲ့သည်။ ရတနာပုံအသင်းက၀ါရင့်တိုက်စစ်မှူးရန်ပိုင်အပြင် အားထားရသည့်ကစားသမား ရှိုင်းသူရ၊စည်သူအောင်၊ရဲကိုဦးတို့ဖြင့် ရန်ကုန်အသင်းကို ပြန်လည်ရင်ဆိုင်ခဲ့သည်။
ရန်ကုန်အသင်းအနေဖြင့် ပွဲချိန် ၁၄ မိနစ်တွင် ဆီဇာထိုးပေးသည့် ဘောလုံးကို ကျော်ကိုကို ကန်သွင်းပြီး အိမ်ရှင် ရန်ကုန်အသင်း အဖွင့်ဂိုး ရရှိခဲ့သည်။ဦးဆောင်ဂိုး ခွင့်ပြုခဲ့ရသည့် ရတနာပုံအသင်း တိုက်စစ်မြှင့်လာပြီးရတနာပုံ ကစားသမား ရီအွန် ၁၅မိနစ်တွင် ဂိုးသမား အပိုင်ကန်ခွင့်ရသော်လည်း ဂိုးအဖြစ် မပြောင်းလဲ နိုင်ခဲ့ဘဲ ပွဲချိန် ၂၁မိနစ်တွင်အောင်သူက အပိုင်ကန်သွင်းပြီး ရတနာပုံအသင်း အတွက် ချေပဂိုး သွင်းယူခဲ့သည်။
ရန်ကုန်အသင်း ဂိုးရရှိရေး ကြိုးစားခဲ့သော်လည်း ရတနာပုံ ခံစစ်ပိတ်ဆို့မှုများကြောင့် အရာမထင်ဘဲ ရှိနေခဲ့ပြီး ၂၄ မိနစ်တွင် တန်ပြန်တိုက်စစ်မှ သက်နိုင် ပေးပို့သည့် ဘောလုံးကို အောင်သူ ကန်သွင်းသော်လည်း ရန်ကုန်အသင်း နောက်တန်းများ ကာကွယ်နိုင်ခဲ့သည်။
ပွဲချိန် ၃၁ မိနစ်တွင် ရဲကိုဦး ရန်ကုန် နောက်တန်းများကို ကျော်ဖြတ်ကာ ဂိုးသမား ညာဘက်ကို ကန်သွင်းပြီး ရတနာပုံအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့သည်။ ပထမပိုင်လက်ကျန် ပွဲချိန်များတွင် တစ်ဖက် တစ်ဖက် ဂိုးရရှိရေးကြိုးပန်းခဲ့သော်လည်း ဂိုးသွင်းယူနိုင်ခြင်း မရှိတော့ပဲ ရတနာပုံ ၂-၁ ရန်ကုန် ရလဒ်သာထွက်ပေါ်ခဲ့ သည်။
ဒုတိယပိုင်း အစတွင် ဧည့်သည် ရတနာပုံအသင်းကို ရန်ကုန်ဖိအားပေး ကစားရန်ကြိုးပမ်းခဲ့ပြီး ဆီဇာအပိုင်ကန်သွင်းသည့် ဘောလုံးဂိုးတိုင်နားမှ ကပ်ထွက်ခဲ့သည်။ ပွဲချိန် ၅၃မိနစ်တွင်ရတနာပုံ ကစားသမား ရီအွန် ပေးပို့သည့်ဘောလုံးကို လူစားဝင်လာသည့် မျိုးကိုထွန်း အမှားအယွင်းမရှိကန်သွင်းပြီး ရတနာပုံအသင်း တိယဂိုး ရရှိခဲ့သည်။ ရန်ကုန်အသင်း ၆၇မိနစ်တွင် ကန်ခွင့်ရသည့် ပြစ်ဒဏ်ဘောကိုဆီဇာ ကန်သွင်းရာ ကန်ချက်ကောင်းမွန်သော်လည်း ဂိုးသမားလက်စွမ်းပြ ကာကွယ်ခဲ့သည်။
ရန်ကုန်အသင်း တောက်လျောက်ဆိုသလို တိုက်စစ်ဆင်လာပြီး၇၅မိနစ်တွင် ရရှိသည့် ထောင့်ကန်ဘောမှ ကျော်ကိုကိုကန်တင်ပေးသည့် ဘောလုံးကို နောက်ခံလူ ဇော်မင်းထွန်း ခေါင်းတိုက်ပြီး ရန်ကုန်အသင်းအတွက် ဒုတိယမြောက်ဂိုးကို သွင်းယူပေးခဲ့သည်။ ရန်ကုန်အသင်းက ရှုံးပွဲမရှိ ရလဒ်ကို ဆက်ထိန်းနိုင်ရန် တိုက်စစ်မြှင့် ကစားခဲ့ပြီး လက်ကျန် ပွဲချိန်များတွင် ဆက်တိုက်ရတနာပုံ ဘက်ကို ဖိအားပေး ကစားခဲ့သော်လည်း
ရတနာပုံ ဂိုးသမား နှင့် နောက်တန်းများ အကောင်းဆုံး ပုံစံဖြင့် ကာကွယ်နိုင်ခဲ့သဖြင့် ပွဲပြီးဆုံးချိန်တွင် ရတနာပုံအသင်းက ၃-၂ ဂိုးဖြင့် အနိုင်ရခဲ့ပြီးရန်ကုန်အသင်း ၏ ၁၆ပွဲဆက် ရှုံးပွဲမရှိ စံချိန်ကို ချိုးဖျက်
နိုင်ခဲ့သည်။ ရန်ကုန်အသင်း သည် ရတနာပုံ အသင်းနှင့် ပွဲတွင် ယခုနှစ် ရာသီ ပထမဆုံး ရှုံးပွဲ တွေ့ဆုံခဲ့သော်လည်း ယခုနှစ် ဒုတိယနေရာမှ အသင်း၏ အထက် ၁၀မှတ် အကွာတွင် ရပ်တည်နေသည်။
Next : အဖွင့်ပွဲအနိုင်ရပြီးနောက် ယူရိုပါလိဂ်တွင် အောင်မြင်မှုရရန် ပစ်မှတ်ထားနိုင်ခဲ့ကြောင်း ပိုချက်တီနိုဆို