ထိုက်တန်သည့် နိုင်ပွဲတစ်ပွဲဟု ရတနာပုံနည်းပြဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
ရတနာပုံ အသင်းနည်းပြချုပ် မစ္စတာ ရီနီ
မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်တစ်ခုတွင် ရတနာပုံအသင်းနည်းပြရီနီက ပရိသတ်အားနှုတ်ဆက်နေစဉ်။

စက်တင်ဘာ(၁၈)။

အောင်သော်ဖြိုး။

မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်(၁၈)အထိရှုံးပွဲမရှိကစားကာ အမှတ်ပေးဇယားကိုဦးဆောင်ထားနိုင်သည့် ရန်ကုန်ယူနိုက်တက်အသင်း၏ကွင်းတွင်အနိုင်ရရှိခဲ့သော်လည်း မိမိအတွက်ထူးခြားသည့်ခံစားချက်မခံစားမိကြောင်း ရတနာပုံအသင်းနည်းပြချုပ် ရီနီကပြောကြားလိုက်သည်။

ရန်ကုန်ယူနိုက်တက်အသင်းမှာ ကျော်ကိုကို၏သွင်းဂိုးဖြင့်ဦးဆောင်နိုင်ခဲ့သေည်လည်း ရတနာပုံအသင်းမှ အောင်သူ၊ ရဲကိုဦး၊မျိုးကိုထွန်းတို့သွင်းဂိုးများဖြင့်ပွဲကိုပြန်လည်ဦးဆောင်နိုင်ခဲ့ကာဇော်မင်းထွန်းကရန်ကုန်အတွက်ချေပဂိုးတစ်ဂိုး ပြန်လည်သွင်းခဲ့ခြင်းကြောင့် (၂-၃)ဂိုးဖြင့်ရတနာပုံအသင်းအနိုင်ရခဲ့ခြင်းဖြစ်သည်။

ယင်းနိုင်ပွဲနှင့်ပတ်သက်ပြီးရတနာပုံအသင်းနည်းပြရီနီက”ဒီနိုင်ပွဲဟာ ထိုက်တန်တဲ့နိုင်ပွဲတစ်ခုပါ။ ဒီနိုင်ပွဲနဲ့ပတ်သတ်လို့ ထူးထူးခြားခြားခံစားရတာတော့မရှိပါဘူး။ ကျွန်တော်တို့အသင်းဟာ အခွင့်အရေးတွေအများကြီးရခဲ့တယ်။ ဒါပေမဲ့အသုံးမချနိုင်ခဲ့ဘူး”ဟုပြောခဲ့သည်။

ရန်ကုန်အသင်းအနေဖြင့်ရှုံးနိမ့်မှုကြုံခဲ့ရခြင်းမှာအဓိကကစားသမားအချို့မပါဝင်နိုင်ခဲ့ခြင်းကထိုးနှက်ချက် ဖြစ်ခဲ့သည်ဟုဆိုသည်။ အဆိုပါပွဲစဉ်တွင်ဇာနည်ထက်မှာ ပွဲပယ်ခံထားရသလို ကန်နီကိုနှင့် သီဟထက်အောင်တို့မှာ ဒဏ်ရာကြောင့် လွဲခဲ့ရပြီးကြည်လင်းမှာလည်းအရန်ကစားသမားစာရင်းတွင်ပင်မပါဝင်နိုင်ခဲ့ပေ။

ရန်ကုန်ယူနိုက်တက်နည်းပြဂျီဆစ်က”ကျွန်တော်တို့ဦးဆောင်ဂိုးသွင်းနိုင်ခဲ့ပေမယ့်ပုံမှန်ခြေစွမ်းပျောက်ဆုံးနေခဲ့တယ်။ သီဟထက်အောင်၊ကြည်လင်း၊ကန်နီကို၊ဇာနည်ထက်တို့မပါနိုင်ခဲ့တာကလဲ ထိုးနှက်ချက်တစ်ခုဖြစ်စေခဲ့ တယ်။ ရှုံးပွဲမရှိစံချိန်တွေကိုကျွန်တော်အနေနဲ့ စိတ်မ၀င်စားပါဘူး။ အနီးစပ်ဆုံး ပွဲတွေကိုပဲ အာရုံစိုက်သွားမယ်”ဟု ပြောကြားခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းအနေဖြင့် လက်ကျန်ပွဲများတွင် မကွေး၊ဇေယျာရွှေမြေ၊ဇွဲကပင်၊ချင်းယူနိုက်တက်၊ ကမ္ဘောဇအသင်းတို့နှင့် ယှဉ်ပြိုင်ကစားရဦးမည်ဖြစ်သည်။

comments

error: Content is protected !!