အာဆင်နယ်နှင့်ပွဲတွင် ၀ီလျံမပါဝင်နိုင်သော်လည်း ပက်ဒရို၊ ဖယ်လ်ကာအိုနှင့် အော်စကာတို့ ပါဝင်မည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
488724964
ချန်ပီယံလိဂ်ပွဲစဉ်တွင် ဒဏ်ရာရပြီး ကွင်းတွင်းမှထွက်လာသည့် ၀ီလျံ

ချဲလ်ဆီးနည်းပြမော်ရင်ညိုက အာဆင်နယ်နှင့်ကစားမည့် လန်ဒန်ဒါဘီပွဲတွင် ကွင်းလယ်လူဝီလျံမပါဝင်နိုင်သော်လည်း
ပက်ဒရို၊ ဖယ်လ်ကာအိုနှင့် အော်စကာတို့ ပါဝင်နိုင်မည်ဖြစ်ကြောင်း အတည်ပြုပြောကြားသွားခဲ့သည်။

ဖယ်လ်ကာအိုနှင့် ပက်ဒရိုတို့မှာ မက္ကာဘီတဲလ်အဗစ်နှင့်ကစားခဲ့သည့်ပွဲကို လွဲချော်ခဲ့ပြီး အော်စကာမှာလည်း
အစောပိုင်းကာလတွင် ပါဝင်နိုင်ခြင်းမရှိခဲ့သော်လည်း ယခုအချိန်တွင် အဆိုပါကစားသမား ၃ ဦးလုံး ပြန်လည်ပါဝင်နိုင်မည်ဟု
ချဲလ်ဆီးနည်းပြမော်ရင်ညိုက အတည်ပြုပြောကြားခဲ့ခြင်းဖြစ်သည်။

မော်ရင်ညိုက ”အခုအချိန်မှာ ၀ီလျံကိုရွေးချယ်ဖို့မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ပက်ဒရို၊ ဖယ်လ်ကာအိုနဲ့ အော်စကာတို့ပါဝင်နိုင်မှာပါ။
ဘာဖြစ်မလဲဆိုတာ စောင့်ကြည့်လိုက်ကြပါ”ဟု ဆိုသည်။

ချဲလ်ဆီးအသင်းမှာ ဒူးဒဏ်ရာရရှိနေသည့် ဂိုးသမားကော်တိုရစ်နေရာတွင် ဘီဂိုဗစ်အစားထိုးဝင်ရောက်ကစားနေပြီး ချန်ပီယံ
လိဂ်လူစာရင်း၌မပါဝင်ခဲ့သော ဗဟိုနောက်ခံလူ ဒီလိုဘိုရီမှာလည်း ပြန်လည်ရွေးချယ်ခံထားရကြောင်းသိရသည်။

comments

error: Content is protected !!