အဖွင့်ပွဲအနိုင်ရပြီးနောက် ယူရိုပါလိဂ်တွင် အောင်မြင်မှုရရန် ပစ်မှတ်ထားနိုင်ခဲ့ကြောင်း ပိုချက်တီနိုဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
488828562
ယူရိုပါလိဂ်ပွဲစဉ်တွင်တွေ့ရသည့် စပါးနည်းပြပိုချက်တီနို

စပါးအသင်းနည်းပြပိုချက်တီနိုက ယူရိုပါလိဂ်အုပ်စုအဖွင့်ပွဲအဖြစ် ကာရာဘတ်နှင့်ကစားခဲ့သည့်ပွဲတွင် အနိုင်ရခဲ့သောကြောင့်
၎င်း၏ ကစားသမားများမှာ ယခုပြိုင်ပွဲတွင် အောင်မြင်မှုရရန် စိန်ခေါ်နိုင်မည့်သူများဖြစ်ကြောင်းနှင့်
ဗိုလ်လုပွဲရောက်ရှိရန် ပစ်မှတ်ထားနိုင်ခဲ့ကြောင်း ပြောကြားသွားခဲ့သည်။

အဆိုပါပွဲတွင် ကာရာဘတ်အသင်းက အစောပိုင်းပင်နယ်တီသွင်းဂိုးဖြင့်ဦးဆောင်နိုင်ခဲ့သော်လည်း
တိုက်စစ်မှူးဟောင်မင်ဆန်၏ သွင်းဂိုး ၂ ဂိုးအပါအ၀င် လာမယ်လာ၏ သွင်းဂိုး ၁ ဂိုးဖြင့် ၂ ဂိုးပြတ်အနိုင်ရရှိခဲ့သည်။

စပါးအသင်းသည့် ၂၀၁၃ ခုနှစ် ယူရိုပါလိဂ်ပြိုင်ပွဲတွင် ကွာတားဖိုင်နယ်အဆင့်သို့သာရောက်ရှိခဲ့သော်လည်း
ယခုအသင်းကစားသမားများ၏ စွမ်းဆောင်ရည်ကောင်းမွန်မှုကြောင့် ဗိုလ်လုပွဲအထိတက်ရောက်ရန်
ပစ်မှတ်ထားနေကြောင်း နည်းပြပိုချက်တီနိုကပြောကြားခဲ့သည်။

ပိုချက်တီနိုက ”ယူရိုပါလိဂ်မှာ နိုင်ပွဲရဖို့မလွယ်ကူပါဘူး။ အခုအချိန်မှာ အောင်မြင်မှုပိုပြီး ရနိုင်၊ မရနိုင်ဆိုတာ ကြီးမားတဲ့မေးခွန်းပါပဲ။
အသင်းကြီးတစ်သင်းလို ဗိုလ်လုပွဲရောက်ဖို့ကြိုးစားပြီး အောင်ပွဲယူသွားမှာပါ”ဟု ပြောကြားခဲ့သည်။

ယခုပွဲတွင် ခြေစွမ်းပြခဲ့သည့် တိုက်စစ်မှူးဟောင်မင်ဆန်နှင့်ပတ်သက်၍လည်း ”အခုပွဲမှာ သူ ၂ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
ခင်ဗျားတို့မြင်တဲ့အတိုင်း သူ့ရဲ့စွမ်းဆောင်ရည်က အလွန်ကိုကျေနပ်စရာကောင်းပါတယ်။
အဲဒါကြောင့် အရမ်းကိုပျော်ရွှင်မိပါတယ်။ သူ့ရဲ့ အံဝင်ခွင်ကျမှုက အသင်းအတွက် ကောင်းမွန်မှုဖြစ်စေခဲ့ပါတယ်။
ဟောင်မင်ဆန်ဟာ တိုက်စစ်မှူးတစ်ဦးလိုကစားနိုင်တယ်လို့ ဆန်းဒါးလန်းနဲ့ပွဲမတိုင်ခင်ကတည်းက ကျွန်တော်ပြောခဲ့ပြီးပါပြီ။
တောင်ပံနှစ်ဖက်လုံးကစားနိုင်သလို နေရာစုံကနေ ဂိုးသွင်းယူနိုင်စွမ်းရှိပါတယ်”ဟု ပြောကြားခဲ့သည်။

comments

error: Content is protected !!