စတုတ်နှင့်ပွဲတွင် ပေးဂိုးမရှိပါက ပီဇာအ၀ကျွေးမည်ဟု အသင်းသားများကို လက်စတာနည်းပြ စည်းရုံး

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
488729718
လေ့ကျင့်ရေးကွင်းတွင်တွေ့ရသည့် ရာနီရေးနီ

လက်စတာနည်းပြရာနီရေးနီသည် ပရီးမီးယားလိဂ်ပွဲစဉ်-၅ တွင်ယှဉ်ပြိုင်ရမည့် စတုတ်စီးတီးအသင်းနှင့်ပွဲစဉ်၌ ပေးဂိုးမရှိအောင်ကစားနိုင်ခဲ့ပါက
ပီဇာအ၀ကျွေးမည် ဖြစ်ကြောင်း အသင်းသား များအး စည်းရုံးပြောကြားခဲ့ကြောင်း ဗြိတိန်မီဒီယာများမှဖော်ပြခဲ့ကြသည်။

ပရီးမီးယားလိဂ်ပွဲစဉ်-၅အပြီးတွင် ရှုံးပွဲမရှိကစားထားနိုင်ခဲ့သည့် လက်စတာအသင်းသည် မန်စီးတီးအသင်းနှင့်အတူ အမှတ်ပေးဇယားအား ဦးဆောင်လျက်ရှိသော်လည်း
ပေးဂိုး ၇ ဂိုးအထိရှိနေခဲ့ခြင်းကြောင့် နည်းပြရာနီရေးနီက ယခုကဲ့သို့ စည်းရုံးခဲ့ခြင်းဖြစ်သည်။

“အသင်းသားတွေအနေနဲ့ ပေးဂိုးမရှိအောင် စွမ်းဆောင်နိုင်မယ်ဆိုရင် ပီဇာအ၀၀ယ်ကျွေးလိုပါတယ်။
ဒါပေမဲ့ ပီဇာမကြိုက်တဲ့ကစားသမားတွေအတွက် ကောင်းမွန်တဲ့ညစာစားပွဲတစ်ခု   ပြင်ဆင်ပေးဖို့လည်းအသင့်ပါပဲ ” ဟု လက်စတာနည်းပြ ရာနီရေးနီက ဆိုခဲ့သည်။

ပြီးခဲ့သည့်နှစ်ဘောလုံးရာသီတွင် လက်စတာအသင်းပိုင်ရှင် ဗီချိုင်းအနေဖြင့် နည်းပြရာနီရေးနီကဲ့သို့ အပြုအမူမျိုးပြုလုပ်ခဲ့ဖူးပြီး
အာဆီယံဒေသတွင်းပြိုင်ဘက်တစ်ဦးဖြစ်သည့် မလေးရှားလေကြောင်းလိုင်းပိုင်ရှင် တိုနီဖာနန်ဒက်စ်၏ ကျူပီအာအသင်းနှင့်ပွဲစဉ်တွင် ပရိသတ်များအားလုံးကို ဘီယာအခမဲ့တိုက်ခဲ့ဖူးသည်။

comments

error: Content is protected !!