ရာသီကုန်အထိ ရာဖင်ညာအနားယူရတော့မည်ဖြစ်ကြောင်း ဘာစီလိုနာအတည်ပြု

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
ROME, ITALY - SEPTEMBER 16:  Rafinha of FC Barcelona  after clashes with Radja Nainggolan of AS Roma during the UEFA Champions League Group E match between AS Roma and FC Barcelona, at Olimpico Stadium on September 16, 2015 in Rome, Italy.  (Photo by Giuseppe Bellini/Getty Images)
ရိုးမားနှင့်ပွဲတွင် ဒဏ်ရာရရှိသွားသော ရာဖင်ညာ

ဘာစီလိုနာလူငယ်ကွင်းလယ်ကစားသမားဖြစ်သူ ရာဖင်ညာသည် ရိုးမားအသင်းနှင့် သရေကျခဲ့သည့်ပွဲစဉ်တွင်
ဒူးအရွတ်စုတ်ပြဲဒဏ်ရာရရှိခဲ့ခြင်းကြောင့် ရာသီကုန်အထိအနားယူရတော့မည်ဖြစ်ကြောင်း အသင်းမှအတည်ပြုခဲ့သည်။

ဘရာဇီးလက်ရွေးစင် လူငယ်ကွင်းလယ်ကစားသမားဖြစ်သူ ရာဖင်ညာသည် ရိုးမားအသင်းနှင့် ပွဲစဉ်တွင်
ကွင်းလယ်ကစားသမားဖြစ်သူ ရာကီတစ်နှင့် လူစားလဲပြီးနောက် ၅ မိနစ်အကြာတွင်
ရိုးမားဂိုးသမားဖြစ်သူ ရှက်ဇီနီနှင့် ထိခိုက်မိသဖြင့် ဒူးအရွတ်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး မာရှေယာနိုနှင့် ပြန်လည်လူစားလဲခဲ့ရသည်။

ဘာစီလိုနာအသင်း၏ သတင်းထုတ်ပြန်မှုတွင် ရာဖင်ညာအနေဖြင့် ညာဘက်ဒူးအရွတ်စုတ်ပြဲသွားခဲ့ကြောင်း၊
ဆိုးရွားသည့်ဒဏ်ရာအခြေအနေကြောင့် ကာလရှည်အနားယူရမည့်အပြင် ရာသီကုန်အထိ ပြန်လည်ကစားပေးနိုင်တော့မည်မဟုတ်ဟု ပါရှိသည်။

comments

error: Content is protected !!