ချီယေဗိုမှာ ရှုံးပွဲမရှိကစားထား၍ အခက်အခဲများနှင့် ရင်ဆိုင်ရနိုင်ကြောင်း အင်တာနည်းပြ မန်စီနီ ဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
488890204
လေ့ကျင့်ရေးကွင်းတွင်တွေ့ရသည့် မန်စီနီ(၀ဲ)

အင်တာမီလန်နည်းပြဖြစ်သူ မန်စီနီကနိုင်ပွဲဆက်နေသည့် အသင်း၏ခြေစွမ်းအပေါ်ကျေနပ်အားရမိသော်လည်း
ချီယေဗိုအသင်းအနေဖြင့်အသင်းအတွက် အန္တရာယ်ရှိသည့် အသင်းတစ်သင်းဖြစ်ကြောင်း၊
ရှုံးပွဲမရှိကစားထားနိုင်သည့်အသင်းတစ်သင်းဖြစ်သည့်အတွက် ခက်ခက်ခဲခဲ ရင်ဆိုင်ရမည် ဖြစ်ကြောင်း ဖွင့်ဟပြောကြားခဲ့သည်။

စီးရီးအေပွဲစဉ်-၄တွင် ပြိုင်ဘက်အဖြစ်ရင်ဆိုင်ရမည့် ချီယေဗိုအသင်းမှာ လက်ရှိချန်ပီယံဂျူဗင်တပ်အသင်းအား သရေကစားထားနိုင်ခဲ့ပြီး
အမှတ်ပေးဇယား ဒုတိယနေရာတွင် ရပ်တည်နေသည့်အတွက် အင်တာမီလန်နည်းပြ မန်စီနီက ယခုကဲ့သို့ သုံးသပ်ပြောကြားခဲ့ခြင်းဖြစ်သည်။

“ရာနှုန်းပြည့်အနိုင်ရလဒ်အတွက် ကျေနပ်ပျော်ရွှင်မိတာတော့အမှန်ပါ။ ဒါပေမဲ့ ပြိုင်ဘက်အဖြစ်ရင်ဆိုင်ရမယ့်
ချီယေဗိုအသင်းကိုတော့ သတိထားကစားရမှာပါ။ သူတို့အနေနဲ့ အကောင်းဆုံးပုံစံရနေသလို ရာသီအစခြေစွမ်းက ထိပ်တန်းအဆင့်ရှိနေခဲ့ပါတယ်။
ပြိုင်ဘက်အသင်းတွေ ရလဒ်ဆိုးနေတဲ့အချိန်ကို အခွင့်အရေးယူရမှာဖြစ်ပေမယ့် ချီယေဗိုကို ခက်ခက်ခဲခဲရင်ဆိုင်ရမှာပါ” အင်တာမီလန်နည်းပြမန်စီနီက ဆိုခဲ့သည်။

၂၀၁၅-၁၆ ဘောလုံးရာသီ စီးရီးအေပွဲစဉ်-၃ အပြီးတွင် အင်တာမီလန်အသင်းအနေဖြင့် ရာနှုန်းပြည့်အနိုင်ရလဒ်ဖြင့်
အမှတ်ပေးဇယားအား ဦးဆောင်လျက်ရှိပြီး ၎င်း၏နောက်တွင် ချီယေဗို၊ ဆမ်ဒိုးရီးယား၊ တိုရီနိုတို့ အစဉ်လိုက်ရပ်တည်လျက်ရှိနေသည်။

comments

error: Content is protected !!