၁၀ နှစ်အတွင်း အဆိုးဆုံးရလဒ်များနှင့် လီဗာပူးကြုံတွေ့နေရသည့်အပေါ် ရက်နက်စိတ်မကောင်း

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
488753852
ဘော်ဒိုးနှင့်ပွဲအပြီးတွင်တွေ့ရသည့် လီဗာပူးကစားသမားများနှင့် နည်းပြရော့ဂျာ

ကျူပီအာအသင်းနည်းပြဟောင်း ဟယ်ရီရက်နက်က ယခုနှစ်ဘောလုံးရာသီတွင် လီဗာပူးအသင်းကြုံတွေ့နေရသည့်ရလဒ်များမှာ
၁၀ နှစ်တာကာလအတွင် အဆိုးရွားဆုံးဖြစ်နေသည့်အပေါ် စိတ်မကောင်းဖြစ်မိကြောင်း ပြောကြားသွားခဲ့သည်။

လီဗာပူးအသင်းမှာ ယခုနွေရာသီတွင် မန်စီးတီးသို့  တိုက်စစ်မှူးစတာလင်ပြောင်းရွှေ့မှုအပါအ၀င်၊ အသင်းခေါင်းဆောင်ဂျရတ်ထွက်ခွာသွားခြင်းနှင့်
ဘာစီလိုနာသို့ ဆွာရက်ဇ်ရောက်ရှိသွားခြင်းများကြောင့် လူဟောင်းကစားသမားများမရှိတော့သည့်အတွက်
ယခုဘောလုံးရာသီမှာ လီဗာပူးအတွက် ခက်ခဲလာနိုင်သည့်အပေါ် စိုးရိမ်ကြောင်း ရက်နက်က ပြောကြားသွားခဲ့သည်။

ရက်နက်က ”လီဗာပူးအသင်းရဲ့ ၁၀ နှစ်တာ ကာလအတွင်း အဆိုးရွားဆုံးအချိန်လို့ ကျွန်တော်ထင်တယ်။
အားလုံးက ရော့ဂျာကြောင့်တော့မဟုတ်ဘူး။ စတာလင်၊ ဆွာရက်ဇ်တို့မရှိတော့သလို စတာရစ်ခ်ျကလည်း ဒဏ်ရာရနေလို့
သူဘာမှ မလုပ်နိုင်တာပါ။ ဒါကြောင့် သူ့အတွက် ခက်ခဲတဲ့ကာလဖြစ်စေခဲ့တာပါပဲ” ဟု ပြောကြားသွားခဲ့သည်။

ထို့အပြင် အဆိုပါကျူပီအာနည်းပြဟောင်းက လီဗာပူးအသင်း၏ ယခုနှစ်ဘောလုံးရာသီစတင်မှုနှင့်ပတ်သက်၍
”သူတို့အတွက် ရမှတ်ပိုင်ဆိုင်နိုင်မယ့် အခွင့်ကောင်းတွေပိုင်ဆိုင်ခဲ့တာတွေ့ရတယ်။ ဘုန်းမောက်နဲ့ကစားခဲ့တဲ့ပွဲက အကောင်းဆုံးသာဓကပါပဲ။
အဲဒီလိုနိုင်ပွဲတွေရဖို့ သူတို့ထပ်မလုပ်နိုင်ခဲ့ဘူး။ စတုတ်စီးတီးနဲ့ပွဲမှာလည်း အနိုင်ရခဲ့ပေမယ့်
အဲဒီပွဲတုန်းကလိုမျိုးခြေစွမ်းမျိုး ပုံမှန်ပြန်ရအောင် မကစားနိုင်ခဲ့ကြပါဘူး” ဟု ပြောကြားသွားခဲ့သည်။

လီဗာပူးအသင်းမှာ ဘော်ဒိုးနှင့်ကစားခဲ့သည့် ယူရိုပါလိဂ်အုပ်စုအဖွင့်ပွဲစဉ်တွင် ၁-၁ ဂိုးသရေရလဒ်သာပိုင်ဆိုင်နိုင်ခဲ့ပြီး
ပရီးမီးယားလိဂ်ပြိုင်ပွဲအဖြစ် နောဝစ်ခ်ျနှင့်ကစားမည့်အိမ်ကွင်းပွဲတွင် နိုင်ပွဲပြန်လည်ရရှိရန်မျှော်လင့်နေကြောင်းသိရှိရသည်။

comments

error: Content is protected !!