ဘာစီလိုနာအနေဖြင့် ပြိုင်ဘက်ရီးရဲလ်ထက် ပိုမိုထက်မြက်သည့်ခြေစွမ်းကို ပိုင်ဆိုင် ထားကြောင်း ကလွိုင်းဗတ် သုံးသပ်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
474220948
ကူရာကာအိုလက်ရွေးစင်အသင်းနည်းပြ ကလွိုင်းဗတ်

နယ်သာလန်လက်ထောက်နည်းပြဟောင်းဖြစ်သူ ပက်ထရစ်ကလွိုင်းဗတ်က လက်ရှိလာလီဂါချန်ပီယံ ဘာစီလိုနာအသင်းအနေဖြင့်
ပြိုင်ဘက်ရီးရဲလ်အသင်းထက် ပိုမိုထက်မြက်သည့်ခြေစွမ်းကို ပိုင်ဆိုင်ထားကြောင်း၊
မက်ဆီမှာလည်း စီရော်နယ်ဒိုထက် ပိုကောင်းသည့်ကစားသမားတစ်ဦးဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။

ဘာစီလိုနာအသင်းနှင့်အတူ လာလီဂါချန်ပီယံဆုရရှိခဲ့ဖူးသည့် ကစားသမားဟောင်းဖြစ်သူ ကလွိုင်းဗတ်အနေဖြင့်
လက်ရှိအချိန်တွင် ကာရစ်ဘီယံဒေသမှ ကူရာကာအိုလက်ရွေးစင်အသင်းအား တာဝန်ယူကိုင်တွယ်လျက်ရှိပြီး
ဆွာရက်ဇ်၊ နေမာ၊ မက်ဆီတို့ ပါဝင်သည့် ဘာစီလိုနာတိုက်စစ်မှာ စီရော်နယ်ဒိုတစ်ဦးတည်းကိုသာအားပြုကစားနေရသည့်
ရီးရဲလ်တိုက်စစ်ထက် ပိုမိုသာလွန်ကောင်းမွန်ကြောင်း သုံးသပ်ခဲ့ခြင်းဖြစ်သည်။

“စိတ်ကြိုက်အသင်းတစ်သင်းအဖြစ် ရွေးရမယ်ဆိုရင် ဘာစီလိုနာကိုပဲ ရွေးချယ်ရမှာပါ။
ကစားသမားစုဖွဲ့မှုအပြင် ခြေစွမ်းအရပါ ဘာစီလိုနာက အနည်းငယ်အသာရနေသလို
တိုက်စစ်ပိုင်းကလည်း ရီးရဲလ်အသင်းထက် ပိုကောင်းတယ်လို့ ဆိုချင်ပါတယ်။
အထူးသဖြင့် မက်ဆီက စီရော်နယ်ဒိုထက်ပိုကောင်းတဲ့ ကစားသမားဖြစ်ပေမယ့်
စီရော်နယ်ဒိုကလည်း အကောင်းဆုံးဆုတွေနဲ့ထိုက်တန်တဲ့ ကစားသမားတစ်ယောက်ပါပဲ” ဟု ပက်ထရစ်ကလွိုင်းဗတ်က သုံးသပ်ပြောကြားခဲ့သည်။

comments

error: Content is protected !!