လိုအပ်ချက်များရှိနေခဲ့သည့်အတွက် အရှုံးရလဒ်ကိုလက်ခံကြောင်း ဗီလာရီးရဲလ်နည်းပြဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
466009342
လာလီဂါပွဲစဉ်တစ်ပွဲတွင် အသင်းအားညွှန်ကြားနေသည့် ဂါစီယာ

စပိန်ကလပ်  ဗီလာရီးရဲလ်အသင်း၏ နည်းပြဖြစ်သူ ဂါစီယာက ခံစစ်ပိုင်းလိုအပ်ချက်များကြောင့် ရှုံးပွဲကြုံတွေ့ခဲ့ရသော်လည်း
ရလဒ်အပေါ် ကျေနပ်လက်ခံကြောင်း၊ အသင်းအနေနှင့် အာရုံစူးစိုက်မှု၊ အသင်းစိတ်ဓာတ်များပျောက်ဆုံးခဲ့ကြောင်း
ယူရိုပါလိဂ်အဖွင့်ပွဲစဉ်အပြီးတွင် ၀န်ခံပြောကြားသွားခဲ့သည်။

“ခံစစ်ကစားပုံက အကောင်းဆုံးပုံစံမှာ ရှိမနေခဲ့ပါဘူး။ အဲဒီအတွက် အဝေးကွင်းမှာ အမှတ် ၃ မှတ် ဆုံးရှုံးခဲ့ရတာပါ။
သွင်းဂိုး ၂ ဂိုးပေးခဲ့ရပေမယ့် ခြေစွမ်းနဲ့ ထိုက်တန်တဲ့ရလဒ်ရခဲ့တဲ့အတွက် ကျေနပ်ပါတယ်။
အသင်းသားတွေအနေနဲ့ အသင်းအတွက် ပေးဆပ်ကစားခဲ့တာကြောင့် ပြစ်တင်ဝေဖန်မှုတော့ မလုပ်လိုပါဘူး” ဟု နည်းပြ ဂါစီယာက ဖွင့်ဟပြောကြားခဲ့သည်။

ယူရိုပါလိဂ်အုပ်စုအဖွင့်ပွဲစဉ်တွင် သြစတြီးယားဝီလျံအသင်းအား ၂-၁ ဂိုးဖြင့် အရေးနိမ့်ခဲ့သည့် ဗီလာရီးရဲလ်အသင်းအနေဖြင့်
အဝေးကွင်းတွင် ပြိုင်ဘက်အသင်းအား ခက်ခဲစွာရင်ဆိုင်ခဲ့ရသည့်အတွက် နည်းပြ ဂါစီယာအနေဖြင့်
အသင်းသားများအပေါ် ပြစ်တင်ပြောဆိုမှုများပြုလုပ်မည်မဟုတ်ကြောင်းလည်း ထုတ်ဖော်ပြောကြားထားခဲ့သည်။

၂၀၁၅-၁၆ ယူရိုပါလိဂ် အုပ်စု(င)အတွင်း ကျရောက်နေပြီး အုပ်စုအဖွင့်ပွဲစဉ်တွင်  သြစတြီးယားဝီလျံအသင်းအားအရေးနိမ့်ခဲ့သည့် ဗီလာရီးရဲလ်အသင်းသည်
အုပ်စုပွဲ စဉ်-၂ တွင် ချက်ကလပ် ပလာဇန်အသင်းနှင့်လည်းကောင်း၊ ပွဲစဉ်-၃ တွင် ဘီလာရုစ်ကလပ် ဒိုင်နမိုမင်နက်ဇ်နှင့်လည်းကောင်း ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

comments

error: Content is protected !!