ဒဏ်ရာရကစားသမားများပြားလာမှုအပေါ် စိုးရိမ်မိကြောင်း ဖီအိုရင်တီးနားအသင်းပိုင်ရှင် ဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
492011603
စီးရီးအေပွဲစဉ်တစ်ပွဲတွင်တွေ့ရသည့် ဒီလာဗယ်လီ

ဖီအိုရင်တီးနားအသင်းပူးတွဲပိုင်ရှင် ဒီလာဗယ်လီက ဘေဆယ်အသင်းအား အရေးနိမ့်ခဲ့သည့်ပွဲစဉ်တွင် အဓိကကစားသမားအချို့ ဒဏ်ရာရရှိခဲ့သည့်အတွက် စိုးရိမ်မိကြောင်း၊
ရှုံးပွဲကြုံတွေ့ခဲ့သော်လည်းနောက်တစ်ဆင့်တက်ရောက်နိုင်မည်ဟုယုံကြည်ကြောင်း ပွဲအပြီးတွင် ဖွင့်ဟပြောကြားသွားခဲ့သည်။

ဘေဆယ်အသင်းနှင့် ယူရိုပါလိဂ်ပွဲစဉ်တွင် ဖီအိုရင်တီးနားအသင်း၏ အဓိကပွဲထွက်ကစားသမားများဖြစ်သည့်
တောင်ပံကစားသမားလီဆစ်နှင့် နောက်ခံလူအက်စ်တိုရီတို့မှာ ပြင်းထန်သည့်ဒဏ်ရာများရရှိခဲ့သဖြင့် အချိန်အတိုင်းအတာတစ်ခုအထိ အနားယူရတော့မည်ဖြစ်သည်။

“၈ ပွဲဆက်တိုက် ရှုံးပွဲမရှိသေးတဲ့အသင်းကို အနိုင်ရဖို့ မလွယ်ဘူးဆိုတာ လက်ခံပါတယ်။ အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ခဲ့ရပေမယ့်
တစ်ယောက်လျော့အနေအထားဖြစ်ခဲ့သလို အဓိကကစားသမားအချို့ဒဏ်ရာရခဲ့တဲ့အတွက် အနိုင်မရခဲ့ပါဘူး။
နောက်ခံလူရိုဒရီဂွက်ဇ်ရဲ့ အနီကတ်က ထိုက်တန်တဲ့ ပြစ်ဒဏ်လို့ပဲ မြင်ပါတယ်။
ဒါပေမဲ့ ဒဏ်ရာရကစားသမားတွေများလာခဲ့တဲ့အတွက်တော့ စိုးရိမ်မိပါတယ်” ဟု ဖီအိုရင်တီးနားအသင်းပူးတွဲပိုင်ရှင် ဒီလာဗယ်လီက ဆိုခဲ့သည်။

မီဒီယာများ၏ဖော်ပြချက်တွင် ခြေကျင်းဝတ်အဆစ်လွဲခဲ့သည့် တောင်ပံကစားသမား လီဆစ်အနေဖြင့်
ပွဲစဉ်အချို့ကို လွဲချောမည်ဖြစ်သကဲ့သို့ ဦးခေါင်းဒဏ်ရာရရှိခဲ့သည့် နောက်ခံလူအက်စ်တိုရီမှာလည်း
ရက်သတ္တပတ် ၄ ပတ်ခန့်အထိ အနားယူရဖွယ်ရှိနေကြောင်း ဖော်ပြလျက်ရှိသည်။

comments

error: Content is protected !!