ပရိသတ်များ၏နွေးထွေးစွာကြိုဆိုမှုကို မန်စီးတီးကွင်းလယ်လူဒီဘရူနီ ကျေးဇူးတင်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
488348354
ချန်ပီယံလိဂ်တွင်ပါဝင်ကစားခဲ့သည့် ဒီဘရူနီ

ယခုနွေရာသီအပြောင်းအရွှေ့ကာလမပိတ်သိမ်းမီအချိန်တွင် ၀ုဖ်ဘတ်အသင်းမှ ပေါင် ၅၂ သန်းဖြင့် မန်စီးတီးသို့ ပြောင်းရွှေ့ရောက်ရှိလာသော
ကွင်းလယ်လူဒီဘရူနီက အသင်းပရိသတ်များမှ နွေးထွေးစွာကြိုဆိုသည့်အပေါ် ကျေဇူးတင်ရှိကြောင်း တွစ်တာတွင် ရေးသားခဲ့သည်။

အဆိုပါဘယ်လ်ဂျီယံကွင်းလယ်လူသည် ပရီးမီးယားလိဂ်သို့ နောက်တစ်ကြိမ်ပြန်လည်ရောက်ရှိလာခဲ့ပြီးနောက်
ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ရသည့်ပွဲတွင် ခြေစွမ်းပြနိုင်ခဲ့သောကြောင့် မန်စီးတီးနှင့်တာထွက်ကောင်းခဲ့ပြီး
ဂျူဗင်တပ်နှင့်ပွဲတွင်လည်း အရန်ကစားသမားအဖြစ်ပါဝင်ကစားပေးခဲ့သည်။

ချဲလ်ဆီးကစားသမားဟောင်းဒီဘရူနီမှာ မန်စီးတီးပရိသတ်များ၏ အားပေးမှုရရှိထားခဲ့ပြီး ပြီးခဲ့သည့်ကြာသပတေးနေ့က
တွေ့ဆုံမိတ်ဆက်မှုပြုလုပ်ခဲ့ပြီးနောက် နွေးထွေးစွာကြိုဆိုသည့် ပရိသတ်များကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ခြင်းဖြစ်ကာ
မန်စီးတီး၏ တတိယမြောက် အစိမ်းရောင်ဂျာစီသစ်ကိုဝတ်ဆင်ကာ ပရိသတ်များအတွက် အမှတ်တရလက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရသည်။

အသက် ၂၄ နှစ်ရှိ ဒီဘရူနီက ”ပရိသတ်အားလုံးနဲ့ တွေ့ဆုံရတဲ့အတွက် ၀မ်းသာဂုဏ်ယူမိပါတယ်။
နွေးထွေးစွာကြိုဆိုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်”ဟု  ရေးသားဖော်ပြခဲ့သည်။

comments

error: Content is protected !!