ချန်ပီယံလိဂ်နိုင်ပွဲကြောင့် အာဆင်နယ်ကိုရင်ဆိုင်ရန် အသင့်ဖြစ်နေဟု ကာဟေးလ် ကြုံးဝါး

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
488725028
ပြီးခဲ့သည့်ချန်ပီယံလိဂ်ပွဲစဉ်တွင်တွေ့ရသည့် ကာဟေးလ်

ချဲလ်ဆီးအသင်းနောက်ခံလူ ကာဟေးလ်က ချန်ပီယံလိဂ်ဖွင့်ပွဲတွင် မက္ကာဘီတဲလ်အဗစ်ကို ၄ ဂိုးပြတ်အနိုင်ရပြီးနောက်
ရရှိခဲ့သည့်စိတ်ဓာတ်ခွန်အားဖြင့် အာဆင်နယ်ကိုရင်ဆိုင်ရန် အသင့်ဖြစ်နေကြောင်း ပြောကြားလိုက်သည်။

ပရီးမီးယားလိဂ်တွင် အဆိုးရွားဆုံးရာသီအစဖြင့်ကြုံတွေ့နေရသော ချဲလ်ဆီးမှာ အမှတ်ပေးဇယား၌ အဆင့် ၁၇ နေရာရောက်ရှိနေသဖြင့်
ဖိအားအောက်ရောက်ခဲ့ရသော်လည်း ချန်ပီယံလိဂ်နိုင်ပွဲမှာ စိတ်ဓာတ်ခွန်အားပြန်လည်မြင့်တက်စေသည်ဟု
ယုံကြည်ကြောင်း ကာဟေးလ်က ပြောကြားခဲ့ခြင်းဖြစ်သည်။

ကာဟေးလ်က ”ကျွန်တော်တို့အတွက် တကယ့်ကိုကောင်းမွန်တဲ့ပွဲဖြစ်စေခဲ့ပါတယ်။ ပွဲအစကနေ အဆုံးအထိ
ကျွန်တော်တို့စိတ်ကြိုက်ကစားခွင့်ရခဲ့လို့ ၄ ဂိုးသွင်းပြီး ပေးဂိုးမရှိကစားနိုင်ခဲ့တာပါ။ ဒါဟာကျွန်တော်တို့ကို ပြန်လည်နိုးထခွင့်ရစေခဲ့ပါတယ်။
လေ့ကျင့်ခန်းအစီအစဉ်မှာ ကောင်းသထက် ကောင်းအောင်ကြိုးစားရမှာပါ။ အာဆင်နယ်နဲ့ကစားမယ့်ပွဲဟာ ပွဲကြီးပွဲကောင်းပါပဲ။
ပုံမှန်အားဖြင့် ရှုံးပွဲတွေဆက်ပြီး ရလဒ်တွေဆက်တိုက်ဆိုးနေမယ်ဆိုရင် ကစားသမားတွေ ယုံကြည်မှုလျော့ကျလာနိုင်ပါတယ်။
ဒါက သဘာဝပါပဲ။ အဲဒီအချိန်မှာ နိုင်ပွဲပြန်ရဖို့ကိုပဲ စဉ်းစားရပါတယ်။ အားလုံးကောင်းခဲ့လို့ မက္ကာဘီတဲလ်အဗစ်ကိုအနိုင်ရခဲ့တာပါ။
အဲဒီနိုင်ပွဲကနေစပြီး နိုင်ပွဲတွေ ဆက်ရဖို့ပဲ လိုပါတယ်။ စနေနေ့ပွဲမှာလည်း ကျွန်တော်တို့ ဒီအခွင့်အရေးထပ်ရဦးမှာပါ”ဟု ပြောကြားခဲ့သည်။

comments

error: Content is protected !!