ပီတာချက်နှင့် အော့စ်ပီနာတို့ကို အလှည့်ကျဂိုးသမားများအဖြစ် ဆက်လက်အသုံးပြုမည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
482632166
အော့စ်ပီနာ(လယ်)နှင့် ပီတာချက်(ယာ)တို့ကို လေ့ကျင့်ရေးကွင်းတွင်တွေ့ရစဉ်

ချန်ပီယံလိဂ်ပြိုင်ပွဲတွင်  ဒိုင်နမိုဇာဂရက်ကို အရေးနိမ့်ခဲ့သော်လည်း ပီတာချက်နှင့် အော့စ်ပီနာတို့ကို
အလှည့်ကျဂိုးသမားများအဖြစ် အာဆင်နယ်က ဆက်လက်အသုံးပြုမည်ဖြစ်ကြောင်းသိရသည်။

ချန်ပီယံလိဂ်အဖွင့်ပွဲတွင် အရေးနိမ့်ခဲ့သော အာဆင်နယ်မှာ ဂိုးသမားအော့စ်ပီနာကို အိမ်ကွင်းပွဲစဉ်များတွင်
ဆက်လက်အသုံးပြုမည်ဖြစ်ပြီး အဝေးကွင်းပွဲများတွင် ပီတာချက်ကိုထည့်သွင်းကစားစေနိုင်သောကြောင့်
ချဲလ်ဆီးနှင့်ပွဲတွင် ပီတာချက်ပြန်လည်ပါဝင်နိုင်ကြောင်းသိရသည်။

အော့စ်ပီနာမှာ အာဆင်နယ်မှ ရှက်ဇီနီထွက်ခွာပြီးနောက် ဦးစားပေးဂိုးသမားအဖြစ် ၂၀၁၄-၁၅ ဘောလုံးရာသီတွင်
တတိယနေရာဖြင့်ရာသီသိမ်းနိုင်ရန် ကူညီပေးနိုင်ခဲ့သူဖြစ်ပြီး ပီတာချက်ရောက်ရှိလာချိန်၌ ဦးစားပေးကစားသမားအဖြစ်
ဆက်လက်ပွဲထွက်ခွင့်ရရေးအတွက် နွေရာသီအားလပ်ရက်တွင် နည်းပြအာစင်ဝင်းဂါးနှင့်တွေ့ဆုံ၍
ဆွေးနွေးမှုပြုလုပ်ခဲ့သောကြောင့် ယခုရာသီတွင်ပွဲထွက်ခွင့်ပိုမိုရရှိခဲ့သည်။

အဆိုပါကိုလံဘီယာဂိုးသမားမှာ ဂါလာတာစာရေးအသင်းသို့ ပြောင်းရွှေ့ရန်အခွင့်အရေးရခဲ့သော်လည်း
ပုံမှန်ပွဲထွက်ခွင့်ရရှိလိုသဖြင့် အာဆင်နယ်တွင်သာ ဆက်လက်ကစားရန်ဆုံးဖြတ်ချက်ချခဲ့သူဖြစ်သည်။

comments

error: Content is protected !!