ဗီယက်နမ်ကို အရေးနိမ့်ခဲ့သည့် မြန်မာအမျိုးသမီးအသင်း

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
myanmar women
ဗီယက်နမ်အမျိုးသမီးနှစ်ယောက်ကြားမှ မြန်မာအမျိုးသမီးတိုက်စစ်မှူးရီရီဦး ထိုးဖောက်တိုက်စစ်ဆင်နေစဉ်။

ရန်ကုန်၊စက်တင်ဘာ ၁၈။

အောင်သော်ဖြိုး။

၂၀၁၆အိုလံပစ်အမျိုးသမီး ဘောလုံးပွဲစဉ်ဒုတိယအဆင့် ခြေစစ်ပွဲအုပ်စုပွဲစဉ်အဖြစ် မြန်မာအမျိုးသမီးအသင်း နှင့်ဗီယက်နမ်အမျိုးသမီးအသင်းတို့ စက်တင်ဘာလ ၁၈ရက်၊ ည ၆:၃ဝ၊ မန္တလာသီရိ အားကစားကွင်းတွင် ယှဉ်ပြိုင်ခဲ့ကြပြီး မြန်မာအသင်းကဗီယက်နမ်အသင်းကို ၂-၄ ဖြင့် ရှုံးနိမ့်ကာအုပ်စုတက်ရန် မျှော်လင့်ချက် ကုန်ဆုံးခဲ့သည်။

သန်းသန်းထွေး၊ ခင်မာလာထွန်းတို့ မပါဝင်နိုင်သည့် မြန်မာအမျိုးသမီး အသင်းသည် ဗီယက်နမ် အသင်းသည်ဗီယက်နမ်အသင်း၏ ဖိအားပေးကစားခြင်းကို ခံနေရပြီး ပွဲချိန် ၃မိနစ်တွင် ဗီယက်နမ် Nguyen Thi Minh Nguyet ကန်ချက်ဂိုးရရန် နီးစပ်ခဲ့သော်လည်း မြန်မာ ဂိုးသမား ကာကွယ်နိုင် ခဲ့သည်။

ဗီယက်နမ် အသင်းက ဆက်တိုက် ဖိအားပေး ကစားနေ ခဲ့ပြီး ပွဲချိန် ၁ဝမိနစ်တွင် ဘယ်ဝန်းမှ ဖြတ်တင်လိုက်သည့်ဘာလုံးကို NHU ခေါင်းတိုက်ကာ ဗီယက်နမ် ဦးဆောင်ဂိုးရခဲ့သည်။

ှဗီယက်နမ်အသင်းကပင် ပွဲချိန် ၂၂မိနစ်တွင် ရရှိသည့် ပြစ်ဒဏ်ဘောကို ဗီယက်နမ် Nguyen Thi Minh Nguyet အမှားအယွင်းမရှိ ခေါင်းတိုက်ပြီး ဗီယက်နမ် ဒုတိယဂိုး ရရှိခဲ့သည်။

ပွဲချိန် ၃၇မိနစ်တွင် မြန်မာတိုက်စစ် ဝင်းသိင်္ဂီဦး ဖြတ်တင်ပေးပုံ ကောင်းသော်လည်း ရီရီဦး အဆုံးသတ် မသေချာသာကြောင့် ဂိုးရမည့် အခွင့်အရေး ဆုံးရှုံးခဲ့သည်။

ပွဲချိန် မိနစ် ၄ဝတွင် ဗီယက်နမ်အသင်း တန်ပြန်တိုက်စစ် ဆင်လာပြီး Nguyen Thi Minh Nguyet ဂိုးပေါက်နဲ့ လွဲချော်ခဲ့သောကြောင့်မန်မာအသင်း ကံကောင်းခဲ့သည်။

မြန်မာအသင်း မှ ဝင်းသီင်္ဂီဦး ၄၃မိနစ် တွင် အဝေးကန်ချက်ဖြင့် ဂိုးပေါက်ကို ခြိမ်းခြောက်ခဲ့သော်လည်းဗီယက်နမ် ဂိုးသမား ကာကွယ်ခဲ့သည်။ ပထမပိုင်း ပြီးဆုံးကာနီး ဗီယက်နမ်အသင်း Nguyen Thi Minh Nguyet ထိုးဖောက်မှုကို မြန်မာနောက်တန်း ဖြတ်ထုတ်ပုံ ကြမ်းတမ်းခဲ့သောကြောင့်ဗီယက်နမ် ပင်နယ်တီ ကန်သွင်းခွင့် ရခဲ့ပြီး Nguyen Thi Minh Nguyet ကပင် အမှားအယွင်းမရှိ ကန်သွင်းခဲ့သည်။myanmar women1

ဒုတိယပိုင်း ၅၃ မိနစ်တွင် မြန်မာအသင်းက ကျောနံပါတ် ၈အစား သန်းသန်းထွေး ဝင်ရောက်ကာ ဗီယက်နမ်အသင်းကိုရင်ဆိုင် ကစားရန် ပြင်ဆင်ခဲ့သည်။ သန်းသန်းထွေး ဝင်လာပြီးနောက်ပိုင်း မြန်မာအသင်း ကစားပုံ အနည်းငယ်ကောင်းလာသည်။ ၆၃မိနစ် သန်းသန်းထွေး အဝေးကန်ချက် ဖြင့် ဂိုးရယူရန် ကြိုးစားသော်လည်း ဂိုးသမား မိခဲ့သည်။ ၆၄မိနစ်တွင် ဧရိယာထိပ် မှ ပြစ်ဒဏ်ဘော ကို ခင်မိုးဝေ ကန်ချက်ကောင်းသော်လည်း
ဗီယက်နမ် နောက်တန်းများ ကာကွယ်ခဲ့သည်။

ပွဲချိန် ၇၃ မိနစ် မြန်မာနောက်ခံလူများကို ကျော်ဖြတ်လာသည့် ဗီယက်နမ် တိုက်စစ်မှူး NHU ကို မြန်မာဂိုးသမားရှေ့ထွက် ကာကွယ်သော်လည်း NHU အဆုံးသတ်ကောင်းကောင်းဖြင့် ဗီယက်နမ်အသင်း အတွက် ၄ဂိုးမြောက်သွင်းဂိုးကို ရယူခဲ့သည်။

၈၄ မိနစ်မှာ ရရှိသည့် ထောင့်ကန်ဘော မှ တဆင့် မြန်မာအသင်းက ဝေဝေအောင် ခေါင်းတိုက်သွင်းယူပြီးမန်မာအသင်းအတွက် သိက္ခာဆယ်ဂိုးကို သွင်းယူခဲ့သည်။

ဆက်တိုက်ဆိုသလိုပင် မြန်မာအသင်း ၈၆မိနစ်တွင် ရရှိခဲ့သည့် ထောင့်ကန်ဘောမှ တဆင့် ခင်မိုးဝေ ခေါင်းတိုက်ကာမန်မာအသင်းအတွက် ဒုတိယဂိုး သွင်းယူပေးခဲ့ပြီး လက်ကျန်ပွဲချိန်များတွင် ဂိုးများထပ်မံ ရရှိရန် ကြိုးပမ်းခဲ့သော်လည်းပွဲအပြီးတွင် မြန်မာ ၂-၄ ဗီယက်နမ် ဖြင့် ဗီယက်နမ်အသင်း အနိုင်ရခဲ့သည်။

မြန်မာအသင်းသည် အုပ်စုတွင်း သုံးပွဲကစား တစ်ပွဲနိုင် နှစ်ပွဲရှုံး ရမှတ် သုံးမှတ်ဖြင့် အုပ်စုတက်ရန် မျှော်လင့်ချက်မှာကုန်ဆုံးခဲ့သည်။

comments

error: Content is protected !!