မြန်မာ ယူ-၁၉အသင်း အာဆီယံချန်ပီယံ ထိုင်း ယူ-၁၉ နှင့် ခြေစမ်းမည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
မြန်မာ ယူ-၁၉ အသင်း vs ရတနာပုံ ၂
မြန်မာ ယူ-၁၉ အသင်းနည်းပြများနှင့် ကစားသမားများ

ရန်ကုန်၊စက်တင်ဘာ ၁၇။
အောင်သော်ဖြိုး။

အာရှ ယူ-၁၉ ပြိုင်ပွဲအတွက် ပြင်ဆင်နေသည့် မြန်မာ ယူ-၁၉ ဘောလုံးအသင်းသည် စက်တင်ဘာလ ၂ဝရက်နေ့တွင်
အာဆီယံ ယူ-၁၉ ချန်ပီယံ ထိုင်းအသင်း နှင့် ခြေစမ်းပွဲ တစ်ပွဲကစားမည်ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့သည်။

အဆိုပါ ခြေစမ်းပွဲ လက်မှတ်များကို အထူးတန်း နှစ်ထောင်၊ ရိုးရိုးတန်း တစ်ထောင် သတ်မှတ်ထားပြီး
ခြေစမ်းပွဲကို စက်တင်ဘာလ ၂ဝရက် ညနေ ၅နာရီ အချိန် သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

မြန်မာ ယူ-၁၉ အသင်းသည် အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲမတိုင်မီ ထိုင်း ယူ-၁၉အသင်း နှင့်
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ လီယိုအားကစားကွင်းတွင် တစ်ကြိမ်ခြေစမ်း ကစားခဲ့ဖူးပြီး ထိုင်းအသင်းက ၃-၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။

့မြန်မာအသင်းသည် အာရှ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲတွင် ဘရူနိုင်း၊ ဗီယက်နမ်၊ ဟောင်ကောင်၊ တီမောအသင်း တို့နှင့် တွေ့ဆုံမည်ဖြစ်သည်။

ထိုင်းယူ-၁၉ အသင်းသည်လည်း အာရှယူ-၁၉  ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စု(ဇ)တွင် ပါဝင်ပြီး တောင်ကိုရီးယား၊ စင်ကာပူ၊
တရုတ်၊ မြောက်ပိုင်း မာရီယာနာကျွန်းစုအသင်း တို့နှင့် အတူကျရောက်နေပြီး အဆိုပါ ပြိုင်ပွဲအတွက် ပြင်ဆင်နေသည့်အသင်းလည်း ဖြစ်သည်။

comments

error: Content is protected !!