ထုတ်ပယ်ခံရသည့်ဂီရော့ဒ်ကို အပြစ်မတင်သင့်ကြောင်း နည်းပြအာစင်ဝင်းဂါး ပြောကြား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
488592576
ဒိုင်လူကြီးမှ ဂီရော့ဒ်အား အနီကတ်ပြနေစဉ်။

ယမန်နေ့ညက ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့သော ဒိုင်နမိုဇာဂရက်နှင့်ပွဲတွင် ထုတ်ပယ်ခံရသည့်
အာဆင်နယ်တိုက်စစ်မှူးဂီရော့ဒ်ကို အပြစ်မတင်သင့်ကြောင်း နည်းပြအာစင်ဝင်းဂါးမှ ပြောကြားခဲ့သည်။

အဆိုပါပွဲတွင် တိုက်စစ်မှူးဂီရော့ဒ်မှာ ၂ ၀ါ၊ ၁ နီဖြင့် ထုတ်ပယ်ခြင်းခံခဲ့ရပြီး ပထမအ၀ါကတ်ပြသခံရခြင်းမှာ
ကွင်းလယ်ဒိုင်က နားလည်မှုလွဲမှားသည့်အတွက်ဖြစ်ပြီး ဒုတိယအ၀ါကတ်မှာ မထီမဲ့မြင်ပြုလုပ်သည်ဟုဆိုကာ ထုတ်ပယ်ခြင်းခံခဲ့ရသည်။

ထို့ဖြစ်ရပ်နှင့်ပတ်သက်၍ နည်းပြအာစင်ဝင်းဂါးက ”ကျွန်တော်တို့အသင်း အကောင်းဆုံးပုံစံမှာမရှိခဲ့ပါဘူး။
ဒါပေမဲ့ ကွင်းလယ်ဒိုင်က ပိုဆိုးပါတယ်။ ပထမအ၀ါကတ်က ဂီးရော့ဒ်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရင်းပြသခံခဲ့ရပါတယ်။
ဒုတိယအ၀ါကတ်ကတော့ ဒိုင်ကို သွားထိလိုက်တဲ့အတွက် ကံဆိုးတော့တာပါပဲ။ ဂီးရော့ဒ်က သူ့ကိုမမြင်ဘဲ မတော်တဆထိမိလိုက်တာပါ။
ဒုတိယအ၀ါကတ်ကတော့မပြသင့်ပါဘူး။ ပြစ်ဒဏ်ဘောလောက်ပဲပေးသင့်ပါတယ်။
ပထမပေးဂိုးကလည်း လူကျွံဘောဖြစ်နေတယ် လို့ ကျွန်တော်ယုံကြည်တယ်။ ဒုတိယဂိုးကတော့ တကယ်ကိုပြင်းထန်လွန်းပါတယ်။
ခံစစ်ပိုင်းအကောင်းဆုံးမဟုတ်ခဲ့လို့ ဒုတိယဂိုးပေးလိုက်ရပြီးနောက်မှာ ခံစစ်ကို ကျွန်တော်တို့ပိုပြီးဂရုစိုက်ခဲ့ပါတယ်”ဟု ပြောကြားသွားခဲ့သည်။

ယင်းပွဲစဉ်တွင် ဂီးရော့ဒ်ထုတ်ပယ်ခံခဲ့ရသဖြင့် အာဆင်နယ်တိုက်စစ်ပိုင်း အားနည်းပြီး ၂-၁ ဂိုးဖြင့် အရေးနိမ့်ခဲ့ရသည်ဟု စွပ်စွဲချက်များရှိသောကြောင့်
နည်းပြအာစင်ဝင်းဂါးက အဆိုပါတိုက်စစ်မှူးကို အပြစ်မတင်သင့်ကြောင်း ခုခံပြောကြားခဲ့ခြင်းဖြစ်သည်။

comments

error: Content is protected !!