ချန်ပီယံလိဂ်ပင်နယ်တီသွင်းဂိုး အများဆုံးကစားသမားအဖြစ် စီရော်နယ်ဒို စံချိန်တင်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
488331714
ရှက်တာဒိုးနက်ခ်ဘက်သို့ ပင်နယ်တီကန်သွင်းနေသည့် ရော်နယ်ဒို

ရီးရဲလ်တိုက်စစ်မှူးဖြစ်သူ စီရော်နယ်ဒိုသည် ယူကရိန်းကလပ် ရှက်တာဒိုးနက်ခ်အသင်းအား အိမ်ကွင်းတွင် အနိုင်ရရှိခဲ့သည့် ပွဲစဉ်၌ပင်နယ်တီမှတစ်ဆင့် သွင်းဂိုး ၂ ဂိုး သွင်းယူနိုင်ခဲ့သည့်အတွက် ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် ပင်နယ်တီသွင်းဂိုး အများဆုံးကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့ပြီဖြစ်သည်။

ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် ပင်နယ်တီသွင်းဂိုးအများဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့သည့် စီရော်နယ်ဒိုအနေဖြင့်ပေါ်တူဂီလက်ရွေးစင်အသင်းခေါင်းဆောင်ဟောင်းဖြစ်သူ  လူးဝစ်ဖီဂို၏စံချိန်အား ဖြတ်ကျော်နိုင်ခဲ့ခြင်းဖြစ်သည်။

လက်ရှိချန်ပီယံလိဂ်ပြိုင်ပွဲများတွင် ပင်နယ်တီမှ ဂိုးရရှိမှုအများဆုံးကစားသမားများအဖြစ် စီရော်နယ်ဒိုက ၁၁ဂိုးဖြင့် လည်းကောင်း၊ဖီဂိုက ၁၀ ဂိုးဖြင့် လည်းကောင်း၊ မက်ဆီက ၈ ဂိုးဖြင့်လည်းကောင်းအစဉ်လိုက်ရပ်တည်လျက်ရှိနေသည်။

comments

error: Content is protected !!