လူရွေးချယ်မှု ကွာခြားချက်ကို ဒီရလဒ်က မီးမောင်း ထိုးပြခဲ့သည်ဟု မြန်မာ ယူ-၁၆ နည်းပြ အဲရစ်ဝီလျံဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
နှိုက် ရိုက်တာမရလို့
မြန်မာ ယူ-၁၆ နည်းပြ အဲရစ်ဝီလျံ

Football Channel Asia ၏ ဗီယက်နမ် ဆိုင်ရာ သတင်းထောက်မှ တိုက်ရိုက်ပေးပို့သည်။

ဗီယက်နမ် နိုင်ငံ ဟနွိုင်းမြို့ တွင် ကျင်းပ လျက်ရှိ သည့် အာရှ ယူ၁၆ ခြေစစ်ပွဲ အုပ်စု(J) အဖွင့် ပွဲစဉ် အဖြစ် မြန်မာ အသင်းသည် အိမ်ရှင် ဗီယက်နမ် အသင်းနှင့် ယှဉ်ပြိုင် ခဲ့ပြီး ၅ဂိုး ၁ဂိုးဖြင့် ရှုံးနိမ့် ခဲ့ပြီးနောက် နည်းပြချုပ် အဲရစ်ဝီလျံက အသင်းနှစ်သင်းကြား က လူရွေးချယ်မှု ပုံစံ ကွာခြားချက်ကို ယခု ရလဒ်က မီးမောင်းထိုးပြသွားခြင်း ဖြစ်သည်ဟု ထုတ်ဖော်ပြောကြား ခဲ့သည်။

မြန်မာ ယူ-၁၆ နည်းပြ အဲရစ်ဝီလျံ က “အသင်း ၂ သင်းကြား လူရွေးချယ်မှု ကွာခြားချက်ကို ရလဒ်က မီးမောင်း ထိုးပြသွား ပါတယ်။ သြစတြေးလျ၊ ထိုင်းနဲ့ ဗီယက်နမ်တို့ က ယူ -၁၆ လက်ရွေး စင်အသင်း အတွက် ကစား သမားကောင်း ရှာဖွေ ထားနိုင်ချိန်မှာ ကျွန်တော်တို့ မြန်မာ အသင်းကတော့ အကယ်ဒမီ အသင်း အဆင့်ပဲ ရှိပါတယ်” ဟု ထုတ်ဖော်ပြောကြားခဲ့သည်။

ဗီယက်နမ် ယူ-၁၆ အသင်းက မြန်မာ ယူ-၁၆ အသင်း သို့ ထိုးဖောက် လာစဉ်

ဗီယက်နမ် ယူ-၁၆ အသင်းက မြန်မာ ယူ-၁၆ အသင်း သို့ ထိုးဖောက် လာစဉ် (Photo : Zing -Vietnam)

ဆက်လက်ပြီး အဲရစ် ၀ီလျံက ဗီယက်နမ် ယူ-၁၆ အသင်း၏ ကစားပုံနှင့် ပတ်သက်၍ လည်း ချီးကျုးပြောကြား ခဲ့သေးသည်။

” မြန်မာ ယူ-၁၆ က ဒီပွဲစဉ်ကို ခံစစ်နည်း ဗျူဟာနဲ့ ကစားခဲ့ပေမယ့် ဗီယက်နမ်က ချိုးဖျက်ပြီး ၅ ဂိုးသွင်း သွားပါတယ်။ သူတို့ အသင်းဟာ လာအိုမှာ ကစားခဲ့တဲ့ AFF U16 Championship ပွဲတုန်း ကခြေစွမ်းနဲ့ တော်တော်လေး ကွာခြား သွားပါပြီ။ သြစတြေးလျနဲ့ ယှဉ်ပြိုင်ရမယ့် နောက်ပွဲ အတွက်တော့ သူတို့ အလွယ်တကူ အနိုင်မ ရအောင်နဲ့ ပေးဂိုး နည်းဖို့ပဲ ကြိုးစားတား ဆီးသွားမှာပါ” ဟု အဲရစ်ဝီလျံကဆိုသည်။

အာရှ ယူ-၁၆ ခြေစစ်ပွဲ အုပ်စု(J) ပွဲစဉ် တစ်ပွဲဖြစ်သည့် သြစတေးလျ နှင့် ဂူအမ် ပွဲစဉ်တွင် သြစတေးလျ က ၁၄ – ၀ ဖြင့် အနိုင် ရခဲ့ပြီး မြန်မာ အသင်းသည် စက်တင် ဘာလ ၁၈ ရက်နေ့တွင် သြစတေးလျ အသင်း နှင့် ယှဉ်ပြိုင် ရမည်ဖြစ် သည်။

 

comments

error: Content is protected !!