ပခုံးအဆစ်လွဲခဲ့ခြင်းကြောင့် သုံးပတ်ခန့် ရာမို့စ်အနားယူရမည်
|
ရီးရဲလ်နောက်ခံလူ ဖြစ်သူ ရာမို့စ်သည် ရှက်တာဒိုးနက်ခ် အသင်းအား ၄-၀ ဂိုးဖြင့်အနိုင်ရရှိခဲ့သည့်ပွဲစဉ်တွင်
ပခုံးအဆစ်လွဲ ဒဏ်ရာရရှိခဲ့ခြင်းကြောင့် ရက်သတ္တပတ်သုံးပတ်ခန့်အထိအနားယူရတော့မည်ဖြစ်ကြောင်း ရီးရဲလ်က အတည်ပြုသတင်းထုတ်ပြန်ခဲ့သည်။
ရာမို့စ်သည် အဆိုပါပွဲစဉ်တွင် ရှက်တာဒိုးနက်ခ် ကွင်းလယ်ကစားသမားဖြစ်သူ စတီပါနန်ကို၏ ကြမ်းတမ်းစွာ ဥပဒေပကစားခဲ့ခြင်းကြောင့် ဘယ်ဘက်ပခုံးအဆစ်လွဲခဲ့ခြင်းဖြစ်ပြီး
ယင်းအတွက်ကြောင့် ရာမို့စ်အနေဖြင့် သုံးပတ်ခန့်အနားယူရမည်ဖြစ်ကြောင်း အသင်းဆေးအဖွဲ့မှ အတည်ပြုခဲ့သည်။
ရီးရဲလ်နည်းပြ ဘင်နီတက်ဇ်အနေဖြင့် ရာမို့စ်ဒဏ်ရာရရှိခဲ့ခြင်းကြောင့် လာမည့်ပွဲစဉ်များတွင် စပိန်နောက်ခံလူတစ်ဦးဖြစ်သည့်
နာချိုဖာနန်ဒက်စ်အား အသုံးပြုရတော့မည်ဖြစ်သည်။ အချို့သတင်းများတွင် ရာမို့စ်အနေဖြင့်
အောက်တိုဘာ ၄ ရက်တွင်မှ အသင်းအတွက်ပြန်လည်ကစားနိုင်ဖွယ် ရှိနေကြောင်း ဖော်ပြလျက်ရှိနေသည်။
ရက်သတ္တပတ်သုံးပတ်ခန့်အနားယူရမည့် ရာမို့စ်အနေဖြင့် ဂရန်နာဒါ၊ ဘီလ်ဘာအို၊ မာလာဂါတို့နှင့် ယှဉ်ပြိုင်ရမည့် လာလီဂါပွဲစဉ်များအပြင်
ချန်ပီယံလိဂ်အုပ်စုပွဲစဉ်- ၂ ဖြစ်သည့် ဆွီဒင်ကလပ်မယ်လ်မိုနှင့် ပွဲစဉ်ကိုပါ လွဲချော်တော့မည်ဖြစ်သည်။
Next : လီဗာပူးအသင်းနှင့် ဂျရတ်တို့မှာ လူမည်းများအား မနှစ်သက်သူများဟု ကစားသမားဟောင်း ဒီအော့ဖ် ဖွင့်ဟပြောဆို