အဆုံးသတ်အားနည်းခဲ့သည့်တိုက်စစ်မှူးများကို မန်စီးတီးနည်းပြပယ်လီဂရီနီ ပြစ်တင်ဝေဖန်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
488334618
ဂျူဗင်တပ်ကိုအရေးနိမ့်သဖြင့် စိတ်ပျက်နေသော ပယ်လီဂရီနီ

မန်စီးတီးအသင်းသည် ချန်ပီယံလိဂ်အုပ်စုဖွင့်ပွဲအဖြစ် ဂျူဗင်တပ်နှင့်ကစားခဲ့သည့် အိမ်ကွင်းပွဲတွင် အရေးနိမ့်ခဲ့သဖြင့်
နည်းပြပယ်လီဂရီနီအတွက် စိတ်ပျက်စရာဖြစ်ခဲ့ပြီး အသင်းတိုက်စစ်မှူးများ ဂိုးမသွင်းယူနိုင်ခဲ့ခြင်းအပေါ် ဝေဖန်ပြစ်တင်ခဲ့ကြောင်းသိရှိရသည်။

မန်စီးတီးအသင်းသည် ချန်ပီယံလိဂ်အိမ်ကွင်းနောက်ဆုံး ၁၂ ပွဲတွင် ၃ပွဲသာအနိုင်ရခဲ့ပြီး ဥရောပထိပ်သီးအသင်းများနှင့်
ရင်ဆိုင်ရာတွင်ရလဒ်ဆိုးရွားခဲ့သည်။

ဂျူဗင်တပ်နှင့်ကစားခဲ့သော အဆိုပါပွဲတွင် ဂျူဗင်တပ်နောက်ခံလူချီလီနီ၏ ကိုယ့်ဂိုးကိုယ်သွင်းယူသည့်ဂိုးဖြင့်
မန်စီးတီးက ဦးဆောင်နိုင်ခဲ့သော်လည်း မန်ဇူကစ်နှင့် မိုရက်တာတို့၏ သွင်းဂိုးများဖြင့် အရှုံးရလဒ်ကြုံတွေ့ခဲ့ရသည်။

ယင်းပွဲစဉ်တွင် လီဗာပူးအသင်းမှ ပြောင်းရွှေ့ရောက်ရှိခဲ့သော တိုက်စစ်မှူးစတာလင်မှာ အပိုင်ဂိုးသွင်းခွင့် ၂ ကြိမ်ရခဲ့သော်လည်း
ဂျူဗင်တပ်ဂိုးသမားဘူဖွန်ကာကွယ်နိုင်ခဲ့သောကြောင့် မန်စီးတီးဘက်က သွင်းဂိုးတစ်ဂိုးမှ ရယူနိုင်ခြင်းမရှိခဲ့ချေ။

ထို့ကြောင့် နည်းပြပယ်လီဂရီနီက အခွင့်အရေးများကို ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့သည့် တိုက်စစ်မှူးများကို ဝေဖန်ပြစ်တင်ခဲ့ခြင်းဖြစ်ပြီး
၎င်းက”ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရတဲ့အခွင့်အရေးကနေ ဂိုးယူနိုင်ဖို့လိုအပ်ပါတယ်။ တကယ်လို့ ရတဲ့အခွင့်အရေးကနေ
ဂိုးအဖြစ်မပြောင်းလဲနိုင်ဘူးဆိုရင် အရမ်းကိုခက်ခဲသွားနိုင်တယ်။ အထူးသဖြင့် ဂျူဗင်တပ်လိုအသင်းကြီးမျိုးနဲ့တွေ့ဆုံရင်ပေါ့။
ဂျူဗင်တပ်ဘက်က အခွင့်အရေးများကြီးမရခဲ့ပေမယ့် အဆုံးသတ်ပိုင်းကောင်းမွန်ခဲ့ပါတယ်”ဟု ပြောကြားသွားခဲ့သည်။

comments

error: Content is protected !!