စီနီယာ ကစားသမားနေရာတွင် ဖြည့်တင်းနိုင်မည့် ကစားသမားမရှိဟု မြန်မာအသင်းနည်းပြချုပ်ဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
myanmar use
မြန်မာအသင်းဘက်သို့ ဂိုးသွင်းပြီးနောက် အောင်ပွဲခံနေသည့် ထိုင်းကစားသမားများ။

ရန်ကုန်၊စက်တင်ဘာ ၁၆။

အောင်သော်ဖြိုး။

မြန်မာအမျိုးသမီး ဘောလုံးအသင်းရှိ လက်ရွေးစင် စီနီယာ ကစားသမားများမှာ အသက်အရွယ် ကြီးလာပြီး ၎င်းတို့ နေရာတွင် အစားထိုးရန်ကစားသမားများ ရှားပါးနေသေးကြောင်း မြန်မာအမျိုးသမီး ဘောလုံးအသင်း နည်းပြ ဒေါ်သက်သက်ဝင်းက ထိုင်းအသင်းကိုရှုံးနိမ့်ခဲ့သည့်အိုလံပစ် ခြေစစ်ပွဲ အပြီးတွင် ပြောကြားခဲ့သည်။

ထိုင်းအသင်း ကို အရေးနိမ့်ခဲ့သည့် အတွက် စိတ်မကောင်း ဖြစ်မိသော်လည်း ကမ္ဘာ့ဖလား ဝင်ရောက် ယှဉ်ပြိုင်ထားသည့် ထိုင်းအသင်းကိုဂိုးကွာခြားမှု မများအောင် ကစားနိုင်ခဲ့သည့် ကစားသမားများကို ချီးကျူးကြောင်း နှင့် လက်ကျန်ပွဲစဉ် နှစ်ပွဲတွင် အနိုင်ရရှိအောင်အကောင်းဆုံး ကြိုးပမ်းသွားမည် ဟု ၎င်းက ဆိုသည်။

“ရှုံးခဲ့တဲ့အတွက် စိတ်မကောင်း ပါဘူး။ ပြိုင်ပွဲက မပြီးသေးဘူး။ လက်ကျန် နှစ်ပွဲမှာ အနိုင်ရအောင် ကြိုးစားသွားမှာပါ။ မြန်မာအမျိုးသမီး အသင်းအနေနဲ့ လက်ရွေးစင် ကစားသမား ရွေးတဲ့အခါ အခက်အခဲ အများကြီး ရှိနေပါတယ်။ စီနီယာ ကစားသမားတွေ နေရာကို ဖြည့်တင်းနိုင်မယ့်ကစားသမားတွေ မရှိပါဘူး” ဟု ဒေါ်သက်သက်ဝင်း ကဆိုသည်။

မြန်မာအမျိုးသမီးအသင်းတွင် မျိုးဆက်သစ်ကစားသမားရှားပါးမှုရှိနေပြီး ယင်းပြဿနာကိုဖြေရှင်းနိုင်ရန် လူငယ်မျိုးဆက်သစ်မွေးထုတ်ပေးရန်လိုအပ်နေကာမန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးအနေဖြင့် လွန်ခဲ့သည့်၂၀၁၄ခုနှစ်က အမျိုးသမီးလိဂ်ပြိုင်ပွဲကျင်းပပေးမည်ဟုဆိုခဲ့သော်လည်းယခုအချိန်ထိ အကောင်အထည်ဖော်နိုင်ခြင်းမရှိကြောင်းသိရသည်။

comments

error: Content is protected !!