ထိုင်းအမျိုးသမီးအသင်းကို မြန်မာအမျိုးသမီးအသင်း ထပ်မံအရေးနိမ့်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
chit wine
မြန်မာအမျိုးသမီးအသင်းတိုက်စစ်မှူးမေသူကျော်၏ ထိုးဖောက်ကစားဟန်။

စက်တင်ဘာ၁၆။

အောင်သော်ဖြိုး။

၂ဝ၁၆အိုလံပစ်အမျိုးသမီးဘောလုံးပြိုင်ပွဲ အာရှဇုန်ဒုတိယအဆင့်ခြေစစ်ပွဲအဖြစ် မြန်မာနှင့် ထိုင်းအသင်းတို့ စက်တင်ဘာလ ၁၆ရက်မန္တလာသီရိ အားကစားကွင်းတွင် ယှဉ်ပြိုင်ခဲ့ကြပြီး မြန်မာအသင်းက ထိုင်းအသင်းကို ၂-၁ ဖြင့် အရေးနိမ့်ခဲ့ခြင်းကြောင့် အုပ်စုပထမနေရာမှနာက်ဆုံးအဆင့်ခြေစစ်ပွဲအဆင့်သို့ တက်ရောက်နိုင်ရန်မှာ အခက်အခဲရှိလာခဲ့ပြီဖြစ်သည်။
၂၀၁၅ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ထားသည့် ထိုင်းအမျိုးသမီး အသင်းသည် မြန်မာအသင်းကို ကစားကွက်အသာဖြင့် ဦးဆောင်ကစားခဲ့ပြီး မြန်မာအသင်းက တန်ပြန်တိုက်စစ်ဖြင့် ရင်ဆိုင်ခဲ့သော်လည်း ပွဲချိန် မိနစ် ၃ဝတွင် ထိုင်းအသင်းတိုက်စစ်မှုး Anootsara ၏ ဦးဆောင်ဂိုး ကိုခွင့်ပြုခဲ့ရသည်။
ဒုတိယပိုင်းတွင်လည်း ထိုင်းအသင်းက ကစားကွက် အသာစီးရယူထားပြီး ပွဲချိန် ၆၃မိနစ်တွင် ကွင်းအတွင်းသို့ အရာဝတ္ထုများ ဝင်ရောက်သည့် အတွက်ပွဲကို သုံးမိနစ်ခန့် ရပ်နားခဲ့ပြီး ပွဲပြန်လည် စတင်ပြီး မိနစ် ၇ဝတွင် ရရှိသည့် ပြစ်ဒဏ်ဘောကို ထိုင်းအသင်း တိုက်စစ်မှူး Anootsara ကပင် အမှားအယွင်း မရှိ ကန်သွင်းခဲ့ပြီး ထိုင်းအသင်းက ဒုတိယဂိုးရရှိခဲ့သည်။
ထိုင်းအသင်း ဒုတိယဂိုး ရရှိပြီး မကြာမီ မြန်မာအသင်း အတွက် ချေပဂိုး ကို စန်းစန်းမော်ကပွဲချိန်(၇၃)မိနစ်မှာ သွင်းယူပေးခဲ့ပြီး လက်ကျန်ပွဲစဉ်များတွင် ထပ်မံချေပနိုင်ခြင်းမရှိခြင်းကြောင့် ပွဲပြီးဆုံးချိန်တွင် မြန်မာအသင်းက ထိုင်းအသင်းကို ၂-၁ ဖြင့် ရှုံးနိမ့်ခဲ့သည်။
ယနေ့ပွဲကို ပရိသတ်ပေါင်း ၂၂ဝဝဝ ကျော်လာရောက် ကြည့်ရှုခဲ့ပြီး မြန်မာအမျိုးသမီးသည် FBT မှ ထုတ်လုပ်သည့် ဂျာစီ အသစ်ကို ဝတ်ဆင်ကာ ယှဉ်ပြိုင်ခဲ့ပြီး စက်တင်ဘာလ ၁၈ရက်နေ့ ညနေ ၆နာရီ ၃ဝမိနစ်တွင် ဗီယက်နမ်အသင်း နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
လက်ရှိအချိန်တွင် တရုတ်တိုင်ပေ အသင်းက နှစ်ပွဲကစား နှစ်ပွဲနိုင် ရလဒ်ဖြင့် အုပ်စုပထမ နေရာတွင် ရပ်တည်နေပြီး မြန်မာအသင်းက တစ်ပွဲကစား တစ်ပွဲရှုံး ရလဒ်ဖြင့် ဒုတိယနေရာ၊ ထိုင်းအသင်းက တစ်ပွဲကစား တစ်ပွဲနိုင် ရလဒ်ဖြင့် တတိယနေရာ၊ ဗီယက်နမ်အသင်း က တစ်ပွဲကစား တစ်ပွဲရှုံး ရလဒ်ဖြင့်အဆင့်၎နေရာ၊ ဂျော်ဒန်အသင်းက နှစ်ပွဲကစား နှစ်ပွဲရှုံး ရလဒ်ဖြင့် အုပ်စုနောက်ဆုံးနေရာတွင် အသီးသီး ရပ်တည်နေသည်။ မြန်မာအသင်းအနေဖြင့် စက်တင်ဘာ(၁၈)ရက်နေ့၊ညနေ(၆း၃၀)အချိန်တွင် ဗီယက်နမ်၊စက်တင်ဘာ(၂၂)ရက်နေ့၊ညနေ(၆း၃၀)အချိန်တွင်တရုတ်(တိုင်ပေ)အသင်းတို့နှင့်ကစားရမည်ဖြစ်သည်။

comments

error: Content is protected !!