မန်ယူနောက်ခံလူလုခ်ရှော ပီအက်ဗီနှင့်ပွဲ၌ ဘယ်ခြေနှစ်ပိုင်းကျိုးဒဏ်ရာရရှိခဲ့

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
bpi
လုခ်ရှောကို မိုရီနိုကဖျက်ထုတ်မှု၊ နောက်ပိုင်းမြင်တွေ့ရသည့် ပုံရိပ်များနှင့် လုခ်ရှော၏ခြေထောက်အားရိုက်ထားသည့် ဓာတ်မှန်

မန်ယူအသင်းနောက်ခံလူလုခ်ရှောသည် ပြီးခဲ့သည့်အင်္ဂါနေ့က ပီအက်စ်ဗီအသင်းနှင့်ကစားခဲ့သောပွဲချန်ပီယံလိဂ်အုပ်စု(ခ)အဖွင့်ပွဲစဉ်တွင်
ဘယ်ခြေထောက်နှစ်ပိုင်းကျိုးသည့် ပြင်းထန်သောဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

လုခ်ရှောမှာ ပီအက်စ်ဗီနောက်ခံလူ မိုရီနို၏ ဖျက်ထုတ်မှုကြောင့် ယခုကဲ့သို့ ပြင်းထန်သည့်ဒဏ်ရာရရှိခဲ့ကာ
အင်္ဂါညတွင်ပင် ဟော်လန်နိုင်ငံ၊ အိုင်ဟိုဗင်မြို့ရှိဆေးရုံတစ်ရုံ၌ ခွဲစိတ်ကုသမှုချက်ခြင်းပြုလုပ်ခဲ့ရကြောင်း မန်ယူအသင်းက ထုတ်ပြန်ချက်ကြေညာခဲ့သည်။

အသက် ၂၇နှစ်ရှိ မိုရီနိုကိုယ်တိုင်မှာလည်း ပြီးခဲ့သည့်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ခြေထောက်ကျိုးသည့်ဒဏ်ရာရရှိခဲ့၍
ကာလကြာရှည်စွာ အနားယူခဲ့ရဖူးသည်။

လုခ်ရှော၏ ဒဏ်ရာနှင့်ပတ်သက်၍ မန်ယူအသင်းနည်းပြဗန်ဟားလ်က ”အရမ်းဆိုးရွားတဲ့ ဖျက်ထုတ်မှုပါ။
ထမ်းစင်နဲ့ကွင်းပြင်ထုတ်တဲ့အချိန်မှာ အောက်ဆီဂျင်ပေးခဲ့ရပြီး အ၀တ်လဲခန်းထဲမှာလည်းလုခ်ရှောဟာ မျက်ရည်ကျနေခဲ့ပါတယ် “ဟု ပြောကြားခဲ့သည်။

မိုရီနိုကလည်း ၎င်း၏ဖျက်ထုတ်မှုအတွက် ပြန်လည်တောင်းပန်ခဲ့ပြီး”အမြန်ဆုံး ပြန်လည်သက်သာပါစေ”ဟု မက်ဆေ့ခ်ျပေးပို့ခဲ့သည်။

အဆိုပါမန်ယူနောက်ခံလူမှာ  ပြီးခဲ့သည့်နှစ် ဇွန်လတွင် ဆောက်သမ်တန်အသင်းမှ မန်ယူသို့ ပေါင် ၃၁သန်းဖြင့်
ပြောင်းရွှေ့ရောက်ရှိခဲ့ပြီးနောက် ပထမဘောလုံးရာသီတွင်ပင် ဒဏ်ရာပြဿနာများနှင့်ရင်ဆိုင်ခဲ့ရကာ မန်ယူ
အတွက် ပွဲ ၂၀ သာ ကစားပေးနိုင်ခဲ့သည်။ လုခ်ရှော၏ ဒဏ်ရာမှာ ပြင်းထန်လွန်းသောကြောင့် လာမည့်
ယူရို-၂၀၁၆ပြိုင်ပွဲကိုပင် လွဲချော်နိုင်ကြောင်းသိရှိရသည်။

လုပ်ရှောကဲ့သို့ပင် ခြေထောက်နှစ်ပိုင်းကျိုးဒဏ်ရာရရှိခဲ့ဖူးသော အာဆင်နယ်ကွင်းလယ်လူရမ်ဆေးမှာ ၉လကြာ
အနားယူခဲ့ရဖူပြီး အဆိုပါအာဆင်နယ်ကွင်းလယ်လူကလည်း လုခ်ရှောအမြန်ဆုံးပြန်လည်ကောင်းမွန်ပါစေကြောင်း
ဆုတောင်းပေးနေသည်ဟု တွစ်တာတွင်ရေးသားဖော်ပြခဲ့သည်။

comments

error: Content is protected !!