ဘိုရီဆော့ဗ်နှင့်ပွဲတွင် ဟာနန်ဒက်ဇ် ပါဝင်နိုင်ဖွယ်ရှိ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
487872902
ပြီးခဲ့သည့်ဘွန်ဒက်စ်လီဂါပွဲစဉ်တွင်တွေ့ရသည့် ဟာနန်ဒက်ဇ်

ယခုနှစ်နွေရာသီအပြောင်းအရွှေ့နောက်ဆုံးရက်တွင် မန်ယူအသင်းမှ ပြောင်းရွှေ့ခဲ့သော
လေဗာကူဆင်တိုက်စစ်မှူးဟာနန်ဒက်ဇ်မှာ ဘိုရီဆော့ဗ်နှင့်ယှဉ်ပြိုင်မည့်ပွဲတွင် ပါဝင်လာနိုင်ဖွယ်ရှိကြောင်းသိရသည်။

ဟာနန်ဒက်ဇ်မှာ ချန်ပီယံလိဂ်ပြိုင်ပွဲ အတွေ့အကြုံရှိသော တိုက်စစ်မှူးတစ်ဦးဖြစ်ပြီး မန်ယူအသင်းနှင့် ၂၀၁၁ဗိုလ်လုပွဲတွင်ပါဝင်ကစားပေးခဲ့ကာပြီးခဲ့သည့်ဘောလုံးရာသီကလည်း ရီးရဲလ်အသင်းနှင့်အတူ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်တွင်ပါဝင်ကစားပေးခဲ့သောကြောင့် လေဗာကူဆင်က ခေါ်ယူရန်အကြောင်းအရာတစ်ခုဖြစ်ခဲ့သည်။

အဆိုပါတိုက်စစ်မှူးနှင့်ပတ်သက်၍ လေဗာကူဆင်နည်းပြရှမစ်က”ကျွန်တော်တို့လိုအပ်နေတဲ့ဂိုးတွေကို ဟာနန်ဒက်ဇ်သွင်းယူပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ဒါပေမဲ့ သူပွဲထွက်ကစားနိုင်မလားဆိုတာတော့ ကျွန်တော်မပြောနိုင်သေးပါဘူး။လ့ကျင့်ခန်းအစီအစဉ်တွေမှာတော့ သူအကောင်းဆုံးစွမ်းဆောင်နေပါတယ်။တစ်နေ့မှာ သူအကောင်းဆုံးလုပ်ဆောင်ပြနိုင်မယ်လို့ ကျွန်တော်ထင်တယ်”ဟု ပြောကြားခဲ့သည်။

ထို့အပြင် နည်းပြရှမစ်က ဘိုရီဆော့ဗ်မှာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ပုံမှန်ဝင်ရောက်ယှဉ်ပြိုင်နေသည့် အသင်းဖြစ်ကြောင်းနှင့်
ဘွန်ဒက်စ်လီဂါအသင်းများနှင့် အကြိမ်ကြိမ်ရင်ဆိုင်ဖူးပြီး လွန်ခဲ့သည့် ၃ နှစ်ကဘိုင်ယန်မြူးနစ်အသင်းကို ၃-၁ဂိုးဖြင့် အနိုင်ယူနိုင်ခဲ့သောကြောင့် အန္တရာယ်ရှိသည့်  အသင်းဖြစ်ကြောင်းပြောကြားခဲ့သည်။

comments

error: Content is protected !!