အိုလံပီယာကို့စ်ကိုရင်ဆိုင်ရန်အသင့်ဖြစ်နေဟု ဘိုင်ယန်မြူးနစ်နည်းပြဂွါဒီယိုလာ ကြုံးဝါး

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
488303130
လေ့ကျင့်ရေးကွင်းတွင်တွေ့ရသည့် ဂွါဒီယိုလာ

ဘိုင်ယန်ြမူးနစ်နည်းပြဂွါဒီယိုလာက အိုလံပီယာကို့စ်နှင့်ကစားမည့် ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်တွင်
ရလဒ်ဆိုးများမထွက်ပေါ်စေရန်မျှော်လင့်ထားကြောင်း ပြောကြားခဲ့ပြီး နိုင်ပွဲရရှိမည်ဟု ယုံကြည်ကြောင်း ဆိုခဲ့သည်။

ဘွန်ဒက်စ်လီဂါချန်ပီယံဆု ၂၅ ကြိမ်ပိုင်ဆိုင်ထားသော ဘိုင်ယန်မြူးနစ်အသင်းသည် ချန်ပီယံလိဂ်ဆုဖလား ၄ ကြိမ်ပိုင်ဆိုင်ထားခဲ့ပြီး
လက်ရှိအချိန်တွင်လည်း အောင်မြင်မှုထပ်မံရရှိစေရန်အတွက် ဂျူဗင်တပ်ကွင်းလယ်လူဗီဒယ်ကို ယူရို ၃၇ သန်းနှင့် ဒေါက်ဂလက်စ်ကော်စတာကို
ယူရိုသန်း ၃၀ ပေး၍ခေါ်ယူထားသည်။ လက်ရှိဘိုင်ယန်မြူးနစ်လူစာရင်းမှာ အိုလံပီယာကို့စ်ကိုရင်ဆိုင်ရန်
အကောင်းဆုံးပွဲထွက်စာရင်းဖြစ်နေပြီး ဘိုင်ယန်မြူးနစ်နည်းပြဂွါဒီယိုလာကလည်း ထိုက်တန်သည့်ခြေစွမ်းပြသရန်ပြင်ဆင်ထားကြောင်း ပြောကြားခဲ့သည်။

ထို့အပြင်တိုက်စစ်မှူးလီဝမ်ဒေါစကီးကလည်း အသင်းပရိသတ်များမှ အောင်ပွဲခံရန်ဆန္ဒပြင်းပြနေကြောင်းကို
”ပရိသတ်တွေဘက်က ပြင်းပြင်းထန်ထန်အောင်ပွဲခံချင်နေပါတယ်။ ကျွန်တော်တို့ဘက်ကလည်း အောင်ပွဲခံနိုင်ဖို့ အားစိုက်ထားပါတယ်”ဟု ပြောကြားခဲ့သည်။

comments

error: Content is protected !!