မက်ဆီကိုထိန်းချုပ်ကစားရန် အစီအစဉ်မရှိကြောင်း ရိုးမားနည်းပြဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
488289778
ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင်တွေ့ရသည့် ရိုးမားနည်းပြဂါစီယာ

ရိုးမားနည်းပြဖြစ်သူ ဂါစီယာက ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဘာစီလိုနာအသင်းနှင့်ယှဉ်ပြိုင်ကစားရမည့် ပွဲစဉ်တွင်
မက်ဆီကို အဓိကထိန်းချုပ်ကစားမည့်အစား ရလဒ်ကောင်းရရှိရန်အတွက်သာ အာရုံစိုက်ကစားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ရိုးမားနှင့်ချန်ပီယံလိဂ်အုပ်စုပွဲစဉ်သည် ဘာစီလိုနာအသင်း၏ အဓိကကစားသမားဖြစ်သူ မက်ဆီအတွက် ချန်ပီယံလိဂ်ပွဲ ၁၀၀ ပြည့်မြောက်မည့် ပွဲစဉ်ဖြစ်သည်။

“ရလဒ်ကောင်းရဖို့အတွက် ပြိုင်ဘက်အသင်းရဲ့အဓိက ကစားသမားမက်ဆီကို ထိန်းချုပ်ကစားဖို့ အစီအစဉ်မရှိပါဘူး။
ဒါပေမဲ့ ဆွာရက်ဇ်၊ အင်နီယေစတာတို့ကိုတော့ အာရုံစိုက်ကစားရမှာပါ”ဟု ရိုးမားနည်းပြ ဂါစီယာက ဖွင့်ဟပြောကြားခဲ့သည်။

ထို့အတူ ရိုးမားကွင်းလယ်ကစားသမားဖြစ်သူ ဒီရော့စီက အသင်းအနေဖြင့် ဘာစီလိုနာကို အကောင်းဆုံးရင်ဆိုင်နိုင်မည်ကို ယုံကြည်ကြောင်း၊တိုက်စစ်ထက်မြက်သည့် ဘာစီလိုနာအား ခံစစ်၊ တိုက်စစ်မျှတစွာဖြင့် တုံ့ပြန်သွားမည်ဖြစ်ကြောင်း မီဒီယာများထံ ပြောကြားခဲ့သည်။

comments

error: Content is protected !!