မက္ကာဘီတဲလ်အဗစ်နှင့်ပွဲတွင် တိုက်စစ်မှူးဖယ်လ်ကာအိုမပါဝင်နိုင်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
488179470
အဲဗာတန်နှင့်ကစားခဲ့သည့်ပွဲတွင်တွေ့ရသည့် ဖယ်လ်ကာအို

ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်အဖြစ် မက္ကာဘီတဲလ်အဗစ်နှင့်ယှဉ်ပြိုင်ကစားမည့်ပွဲတွင်
ချဲလ်ဆီးတိုက်စစ်မှူး ဖယ်လ်ကာအို ပါဝင်နိုင်မည်မဟုတ်ကြောင်း သိရှိရသည်။

မိုနာကိုအသင်းမှ အငှားဖြင့်လာရောက်ကစားနေသော တိုက်စစ်မှူးဖယ်လ်ကာအိုမှာ အသေးစားဒဏ်ရာပြဿနာရှိနေသဖြင့်
ချဲလ်ဆီးအသင်းလူစာရင်းတွင် မပါဝင်နိုင်ခဲ့သော်လည်း ဒူးဒဏ်ရာပျောက်ကင်းပြီး
ကြံ့ခိုင်မှုပြန်လည်ပြည့်ဝလာသော အော်စကာပါဝင်ကစားမည်ဖြစ်ကြောင်း သိရှိရသည်။

ချဲလ်ဆီးအသင်းတွင် အဓိကဂိုးသမားကော်တိုရစ်မှာ ဒူးဒဏ်ရာခွဲစိတ်ကုသမှုခံယူထားရပြီး ၃လခန့်အနားယူရမည်ဖြစ်သောကြောင့်
အရန်ဂိုးသမားဘီဂိုဗစ်ပါဝင်ကစားမည်ဖြစ်ပြီး ခံစစ်ပိုင်းအားနည်းချက်များကိုဖြေရှင်းရန်
အသင်းပွဲထွက်လူစာရင်းအပြောင်းအလဲများစွာပြုလုပ်ထားကြောင်းသိရှိရသည်။

၂၉နှစ်တာကာလအတွင်း အဆိုးရွားဆုံးရာသီအစရလဒ်များနှင့်ကြုံတွေ့နေရသော ချဲလ်ဆီးအသင်းမှာ မကြာမီကာလတွင်
ရလဒ်ကောင်းများပြန်လည်ပိုင်ဆိုင်နိုင်မည်ဟု ယုံကြည်ကြောင်း နည်းပြမော်ရင်ညိုကပြောကြားထားပြီး
မက္ကာဘီတဲလ်အဗစ်နှင့်ပွဲတွင် အနိုင်ရရှိစေရန်စွမ်းဆောင်မည်ဟု ကြုံးဝါးထားသည်။

comments

error: Content is protected !!