လီဗာပူးအသင်းနှင့် ဂျရတ်တို့မှာ လူမည်းများအား မနှစ်သက်သူများဟု ကစားသမားဟောင်း ဒီအော့ဖ် ဖွင့်ဟပြောဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
97171704
ဘလက်ဘန်းတွင်ကစားခဲ့သည့် ဒီအော့ဖ်ကို ဂျရတ်နှင့်အတူတွေ့ရစဉ်

လီဗာပူးအသင်းတွင် ၂၀၀၂ မှ ၂၀၀၅ အထိ ကစားခဲ့သည့် ဆီနီဂေါလက်ရွေးစင်ကွင်းလယ်ကစားသမားဟောင်း ဒီအော့ဖ်က
လီဗာပူးအသင်းတာဝန်ရှိသူများနှင့် အသင်းခေါင်းဆောင်ဟောင်းဖြစ်သူ ဂျရတ်တို့အနေဖြင့် လူမည်းကစားသမားများအား မနှစ်သက်သူများဖြစ်ကြောင်း၊
ဂျရတ်အနေဖြင့် အသင်းဖော်ဟောင်းများအပေါ်လေးစားမှုမရှိသည့်အသုံးအနှုန်းဖြင့် ၎င်း၏ကိုယ်ရေးအတ္ထုပ္ပတ္တိစာအုပ်အတွင်း ဖော်ပြခဲ့ကြောင်း ဖွင့်ဟပြောကြားသွားခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း၌ ကိုယ်ရေးအတ္ထုပ္ပတ္တိစာအုပ် စတင်ရောင်းချခဲ့သည့် လီဗာပူးအသင်း ခေါင်းဆောင်ဟောင်းဖြစ်သူဂျရတ်အနေဖြင့်
လီဗာပူးနည်းပြဟောင်းဖြစ်သူ ဘင်နီတက်ဇ်အပါအ၀င် အသင်းဖော်ဟောင်းများအပေါ် ပုတ်ခတ်ရေးသားမှုများပြုလုပ်ခဲ့သဖြင့် ဒီအော့ဖ်က ယခုကဲ့သို့ ပြန်လည်တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။

“လီဗာပူးဟာ လူမည်းကစားသမားတွေကို တန်ဖိုးမထားတဲ့ အသင်းတစ်သင်းလို့ ပြောလို့ရတဲ့အထိ ခွဲခြားခဲ့ပါတယ်။
အထူးသဖြင့် အသင်းခေါင်းဆောင်ဂျရတ်အနေနဲ့ လူမည်းအသင်းဖော်တွေအပေါ် လေးစားမှုမရှိတဲ့အတွက်
သူနဲ့စကားပြောဖို့ကိုတောင် ထိတ်လန့်ခဲ့ဖူးပါတယ်” ဟု ဒီအော့ဖ်က ဖွင့်ဟပြောကြားခဲ့သည်။

၂၀၀၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဆီနီဂေါအသင်းနှင့်အတူ ခြေစွမ်းပြကစားနိုင်ခဲ့သည့် ဒီအော့ဖ်သည်
လီဗာပူးအသင်းတွင် ဘောလုံးရာသီ ၃ ရာသီကြာ ပါဝင်ကစားခဲ့ပြီး ၂၀၀၅ တွင် ဘော်လ်တန်အသင်းသို့ ပြောင်းရွှေ့ခဲ့သူဖြစ်သည်။

ဒီအော့ဖ်က အသင်းဟောင်းနှင့် ဂျရတ်တို့အပေါ် ယခုကဲ့သို့ ဝေဖန်ခဲ့မှုများအား
အသင်းဖော်ဟောင်းဖြစ်သည့် ဟော်လန်လက်ရွေးစင်ကစားသမားဟောင်း ဘာဘယ်က ရှုတ်ချခဲ့ပြီး ကိုယ်ရေးကိုယ်တာစွပ်စွဲချက်များဖြစ်ကြောင်း ပြန်လည်တုံ့ပြန်ခဲ့သည်။

comments

error: Content is protected !!