ဇာဗီ၏ ချန်ပီယံလိဂ်ပွဲအများဆုံးစံချိန်အား ဒိုင်နမိုကိဗ်နှင့် ပွဲတွင် ဂိုးသမားကာဆီးလက်စ် အမီလိုက်နိုင်မည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
GUETERSLOH, GERMANY - JULY 27:  Iker Casillas, goalkeeper of Porto looks on during the internatinal friendly match between FC Schalke 04 and FC Porto at Heidewaldstadion on July 27, 2015 in Guetersloh, Germany.  (Photo by Martin Rose/Bongarts/Getty Images)
ခြေစမ်းပွဲတစ်ပွဲတွင်တွေ့ရသည့် ပေါ်တိုဂိုးသမား ကာဆီးလက်စ်

ပေါ်တိုအသင်း၏ စပိန်လက်ရွေးစင် ဂိုးသမားဖြစ်သူ ကာဆီးလက်စ်သည် ၂၀၁၅-၁၆ ချန်ပီယံ လိဂ်အုပ်စုအဖွင့်ပွဲစဉ်အဖြစ်
ဒိုင်နမိုကိဗ်နှင့် ယှဉ်ပြိုင်ရမည့်ပွဲစဉ်တွင် ချန်ပီယံလိဂ်ပွဲအများဆုံးကစားခဲ့သည့်
လက်ရွေးစင်အသင်းဖော်ဟောင်းဖြစ်သူ ဇာဗီ၏ စံချိန်အား စံချိန်အား အမီလိုက် နိုင်တော့မည်ဖြစ်သည်။

ချန်ပီယံလိဂ်ပွဲအများဆုံးကစားထားသည့် ကစားသမားအဖြစ် ဘာစီလိုနာကွင်းလယ်ကစားသမားဟောင်းဖြစ်သူ ဇာဗီက
ပွဲပေါင်း ၁၅၂ပွဲကစားကာ စံချိန်တင်ထားခဲ့ခြင်းဖြစ်ပြီး ကာဆီးလက်စ်အနေဖြင့် လက်ရှိအချိန်အထိ ၁၅၁ပွဲကစားထားခဲ့ပြီးဖြစ်သည်။

ယင်းအတွက်ကြောင့် ကာဆီးလက်စ်အနေဖြင့်  ဒိုင်နမိုကိဗ်နှင့်ပွဲစဉ်တွင် ပွဲထွက်ကစားခွင့်ရရှိခဲ့ပါက
ချန်ပီယံလိဂ်ပွဲအများဆုံးကစားခဲ့သည့်ကစားသမားအဖြစ်  ဇာဗီနှင့်အတူ ပူးတွဲရပ်တည်နိုင်မည်ဖြစ်သည်။

comments

error: Content is protected !!