တံကောက်ကြော ဒဏ်ရာရရှိခဲ့သော်လည်း ယူရိုခြေစစ်ပွဲအမီ ဂါရတ်ဘေးလ် ပြန်ကစားနိုင်မည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
488329714
ရှက်တာဒိုးနက်ခ်နှင့်ပွဲတွင် ဒဏ်ရာရပြီး လူစားလဲလိုက်ရသည့် ဂါရတ်ဘေးလ်

ရီးရဲလ်တောင်ပံကစားသမားဖြစ်သူ ဂါရတ်ဘေးလ်သည် ရှက်တာဒိုးနက်ခ်နှင့်ပွဲစဉ်တွင်
တံကောက်ကြော ဒဏ်ရာရရှိခဲ့သော်လည်း ယူရိုခြေစစ်ပွဲအမီ ပြန်ကစားနိုင်မည်ဖြစ်ကြောင်းသိရသည်။

ယူကရိန်းကလပ် ရှက်တာဒိုးနက်ခ်အသင်းအား ၄-၀ ဂိုးဖြင့်အနိုင်ရရှိခဲ့သည့် ပွဲစဉ်တွင်
ဂါရတ်ဘေးလ်အနေဖြင့် တံကောက်ကြောဒဏ်ရာရရှိခဲ့ခြင်းကြောင့် ကွင်းလယ်ကစားသမားဖြစ်သူ ကိုဗာဆစ်နှင့် လူစားလဲခံခဲ့ရသည်။

“တံကောက်ကြောဒဏ်ရာကြောင့် အချိန်အနည်းငယ်တော့အနားယူရနိုင်ပါတယ်။ ဒါပေမဲ့ နိုင်ငံအသင်းအတွက် ပြန်ကစားနိုင်ဖို့တော့ မျှော်လင့်ချက်ရှိပါတယ်။ကာလရှည်အနားယူဖို့မလိုတဲ့အတွက် ရက်အနည်းငယ်အတွင်း ပြန်ကစားနိုင်မှာပါ” ဟု ဂါရတ်ဘေးလ်က ဖွင့်ဟပြောကြားခဲ့သည်။

ယင်းအတွက်ကြောင့် ဂါရတ်ဘေးလ်အနေဖြင့် အောက်တိုဘာ ၁၀ ရက်တွင်ယှဉ်ပြိုင်ရမည့်ဘော့စနီးယားနှင့် ယူရိုခြေစစ်ပွဲတွင် ပြန်လည်ကစားနိုင်မည်ဖြစ်သည်။
ယူရိုခြေစစ်ပွဲအုပ်စု(ခ) တွင် ရှုံးပွဲမရှိကစားထားနိုင်ခဲ့သည့် ဝေးလ်အသင်းအနေဖြင့် တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်ရန်အတွက် လက်ကျန်ပွဲစဉ် ၂ ပွဲတွင်  ရမှတ် ၁ မှတ်ရရှိရန် လိုအပ်လျက်ရှိနေသည်။

comments

error: Content is protected !!