ဘယ်လီရင်နှင့် ရမ်ဆေးကို ချန်ပီယံလိဂ်ပွဲစဉ်တွင် အာဆင်နယ် အနားပေးမည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ပရီးမီးယားလိဂ်ပွဲစဉ်တစ်ပွဲတွင်တွေ့ရသည့် ရမ်ဆေး

ယခုနှစ်ဘောလုံးရာသီတွင် အဓိက ကစားသမားအများစု ဒဏ်ရာပြဿနာများနှင့်ရင်ဆိုင်နေရသော အာဆင်နယ်အသင်းသည်
ယနေ့ညတွင်ကစားမည့် ဒိုင်နမိုဇာဂရက်နှင့်ချန်ပီယံလိဂ်အဖွင့်ပွဲတွင်လည်း
နောက်ခံလူဘယ်လီရင်နှင့် ကွင်းလယ်ကစားသမားရမ်ဆေးတို့ကို အနားပေးထားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

အဆိုပါဒဏ်ရာရလူစာရင်းတွင် အာဆင်နယ်တိုက်စစ်မှူးဝဲလ်ဘတ်မှာ ဒူးဒဏ်ရာခွဲစိတ်ကုသခံထားရသဖြင့် ကာလရှည်အနားယူရမည်ဖြစ်ပြီး
ကွင်းလယ်လူဝီလ်ရှိုင်းယားမှာလည်း ဘယ်ခြေထောက်ကြွက်သားဒဏ်ရာကြောင့် ၃လခန့်ပါဝင်နိုင်မည်မဟုတ်သကဲ့သို့
နောက်ခံလူမာတီဆက်ကာသည်လည်း အဖျားဝေဒနာပြန်လည်သက်သာရန်ကြိုးပမ်းနေရ၍ ချန်ပီယံလိဂ်လူစာရင်းတွင်မပါဝင်နိုင်ခဲ့ချေ။

အသင်းကစားသမားများ၏ ဒဏ်ရာပြဿနာများနှင့်ပတ်သက်၍ နည်းပြအာစင်ဝင်းဂါးက
”ကျွန်တော်တို့အတွက် အဝေးကွင်းပွဲတွေက တကယ်ကိုခက်ခဲစေခဲ့ပါတယ်။
ဒဏ်ရာရကစားသမားတွေပြန်လည်ကောင်းမွန်လာရင်တော့ အသင်းအင်အား အလွန်တောင့်တင်းသွားမှာပါ။
အဲဒီအချိန်ကျရင် သူတို့တွေနဲ့အတူ ကောင်းသထက်ကောင်းအောင် ကစားသွားနိုင်ပါလိမ့်မယ်။
သူတို့ကို တစ်ရာသီလုံးတော့ မဆုံးရှုံးနိုင်ပါဘူး”ဟု ပြောကြားသွားခဲ့သည်။

comments

error: Content is protected !!