အိမ်ရှင် ဗီယက်နမ်ကို ရှုံးနိမ့်ပြီး အဖွင့်မလှခဲ့တဲ့ မြန်မာ ယူ-၁၆ အသင်း

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
ဗီယက်နမ် ယူ-၁၆ အသင်းက မြန်မာ ယူ-၁၆ အသင်း သို့ ထိုးဖောက် လာစဉ်
ဗီယက်နမ် ယူ-၁၆ အသင်းက မြန်မာ ယူ-၁၆ အသင်း သို့ ထိုးဖောက် လာစဉ်

ဗီယက်နမ် နိုင်ငံ ဟနွိုင်းမြို့ တွင် ကျင်းပ လျက်ရှိ သည့် အာရှ ယူ၁၆ ခြေစစ်ပွဲ အုပ်စု(J) အဖွင့် ပွဲစဉ် အဖြစ်မြန်မာ အသင်းသည် အိမ်ရှင် ဗီယက်နမ် အသင်းနှင့် ယှဉ်ပြိုင် ခဲ့ပြီး ၅ဂိုး ၁ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး လက်ကျန် ပွဲစဉ် များတွင် အမှား မခံတော့သည့် အခြေ အနေသို့ရောက် ရှိခဲ့သည်။

အဆိုပါ ပွဲစဉ်ကို VietnamYFTCenter တွင် ကျင်းပခဲ့ပြီး တရုတ် လူမျိုး ဝမ်ဒီက ဒိုင်လူကြီး အဖြစ် ဆောင်ရွက် ကာ ပရိသတ် ၁ဝဝ လာရောက် ကြည့်ရှုခဲ့သည်။

နည်းပြ အဲရစ်ဝီလျံ ကိုင်တွယ်သော မြန်မာ ယူ-၁၆ အသင်း သည် အိမ်ရှင် အသင်းကို ရင်ဆိုင်ရန် ဂိုးသမား ထက်ဝေယံစိုး၊ နောက်တန်း – အောင်ဝဏ္ဏစိုး၊ ပြည့်စုံနိုင်၊ မင်းမြတ်သူ၊ စည်သူမိုးခန့်၊ အလယ်တန်း သက်ပိုင်ထွေး©၊ ထက်ဖြိုးဝေ၊ နှင့် ရှေ့တန်း- ဟိန်းထက်အောင်၊ ဝင်းနိုင်ထွန်း၊ အောင်ချစ်ဦး ကိုကို တို့နှင့် ပွဲထွက် လာခဲ့သည်။

ပွဲစဉ် ၂၅ မိနစ် အချိန်တွင် ဗီယက်နမ် တိုက်စစ်မှူး ထျန်ဗန် ဒက်က ဗီယက်နမ် အသင်း အတွက် အဖွင့်ဂိုးကို သွင်းယူ ခဲ့ပြီး ၂၉မိနစ် တွင် ဗီယက်နမ် တိုက်စစ်မှုး ငုရင်ခမ်ခင်းက ဗီယက်နမ် အသင်း အတွက် ဒုတိယ မြောက်ဂိုးကို သွင်းယူပေး ခဲပြီးမကြာမီ မိနစ်၃ဝတွင်မြန်မာ အသင်း တိုက်စစ်မှုး အောင်ချစ်ဦး ကိုကိုက မြန်မာ အသင်း အတွက် ချေပဂိုးကို သွင်းယူပေး နိုင်ခဲ့ပြီး ဗီယက်နမ် အသင်း နောက်ခံလူ ငုရင်ဟန်စန်း က ဗီယက်နမ် အသင်း အတွက် ၃၃မိနစ်တွင် တတိယဂိုးကို သွင်းယူ ပေးခဲ့ပြီး ပထမပိုင်း ၃-၁ ရလဒ် ထွက်ပေါ်ခဲ့သည်။

ဒုတိယပိုင်း ၅၆မိနစ် တွင်မြန်မာ အသင်း ကပြည့်စုံနိုင် အစား မြတ်ကောင်းခန့် ကို လူစား ထိုးယှဉ်ပြိုင် ခဲ့ပြီးပွဲစဉ် ၆၈မိနစ် တွင် အဖွင့် ဂိုးသွင်း ယူခဲ့သည့် ဗီယက်နမ် တိုက်စစ်မှူး ထျန်ဗန်ဒက်က ဗီယက်နမ် အသင်း အတွက် စတုထ္ထ ဂိုးကို သွင်းယူခဲ့ပြီး ပွဲချိန်၇၆ မိနစ်တွင် ဗျန်ဗန်ဒက် အတွက် ဟက်ထရစ် သွင်းဂိုး၊ ဗီယက်နမ် အသင်း အတွက် ငါးလုံးမြောက် ဂိုးကို ထပ်မံ သွင်းယူ ခဲ့ပြီးမြန်မာ အသင်းက ၈၁မိနစ်တွင် အောင်ချစ်ဦးကိုကို အစား ထွန်းစိုင်း၊ ၈၄မိနစ်တွင် ထက်ဖြိုးဝေအစား ကျော်ကျော်ထက် တို့ကို ထည့်သွင်း ကစားခဲ့သော် လည်းပွဲပြီး ဆုံးချိန် အထိ ဗီယက်နမ် ၅-၁ မြန်မာ ရလဒ်ကို ဗီယက်နမ် အသင်း ထိန်းနိုင် ခဲ့သည်။

အာရှ ယူ-၁၆ ခြေစစ်ပွဲ အုပ်စု(J) ပွဲစဉ် တစ်ပွဲဖြစ်သည့် သြစတေးလျ နှင့် ဂူအမ် ပွဲစဉ်တွင် သြစတေးလျ က ၁၄ – ၀ ဖြင့် အနိုင် ရခဲ့ပြီး မြန်မာ အသင်းသည် စက်တင် ဘာလ ၁၈ ရက်နေ့တွင် သြစတေးလျ အသင်း နှင့် ယှဉ်ပြိုင် ရမည်ဖြစ် သည်။

 

 

comments

error: Content is protected !!