CSKA မော်စကိုတိုက်စစ်ကို စိတ်လှုပ်ရှားမိကြောင်း ၀ုလ်ဖ်ဘတ်နည်းပြပြောကြား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
488178420
ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင်တွေ့ရသည့် ၀ုလ်ဖ်ဘတ်နည်းပြ

ဝုလ်ဖ်ဘတ်အသင်းနည်းပြဟက်ကင်းက ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်အဖြစ်
CSKA မော်စကိုအသင်းနှင့်ကစားရမည့်ပွဲအပေါ် စိတ်လှုပ်ရှားနေကြောင်း ပြောကြားသွားခဲ့သည်။

CSKAမော်စကိုအသင်းနှင့် ၀ုလ်ဖ်ဘတ်အသင်းတို့သည် ၂၀၀၉-၁၀ ချန်ပီယံလိဂ်ပြိုင်ပွဲ၏ အဖွင့်ပွဲစဉ်တွင်
တွေ့ဆုံခဲ့ကြပြီး ဘွန်ဒက်စ်လီဂါအခြေစိုက် ၀ုလ်ဖ်ဘတ်အသင်းက ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ယခုအချိန်တွင်လည်း ၀ုလ်ဖ်ဘတ်အသင်းမှာ ဘွန်ဒက်စ်လီဂါအိမ်ကွင်းနောက်ဆုံး ၂၄ပွဲဆက်ရှုံးပွဲမရှိကစားထားနိုင်ခဲ့ပြီး
နည်းပြဟက်ကင်းကလည်း CSKA မော်စကိုနှင့် ပွဲအတွက်  အသေအချာစဉ်းစားပြင်ဆင်ထားသည်ဟု ပြောကြားခဲ့သည်။

နည်းပြဟက်ကင်းက”ချန်ပီယံလိဂ်ဖွင့်ပွဲအတွက်တကယ့်ကို စိတ်လှုပ်ရှားမိပါတယ်။ ပြည်တွင်းအမှတ်ပေးဇယားကိုကြည့်ရင်တော့ ကျွန်တော့်အတွက် စိတ်လှုပ်ရှားစရာမရှိပါဘူး။
ဘာလို့လဲဆိုတော့ အသင်းအတွက် ကျွန်တော့်လုပ်အားနှုန်းစိုက်ထုတ်ထားလို့ပါ။ CSKA နဲ့ပွဲအတွက်လည်းကျွန်တော့်ခေါင်းထဲမှာရှိသမျှစဉ်းစားပြီး
အသေအချာပြင်ဆင်ထားပါတယ်။ ရုရှားဘောလုံးအသင်းတွေမှာ မြင့်မားတဲ့အရည်အချင်းတွေရှိပြီးသားပါ။
ကျွန်တော်တို့အသင်းကလည်း ပြီးခဲ့တဲ့နှစ် ယူရိုပါလိဂ်ပြိုင်ပွဲအတွေ့အကြုံတွေ အများကြီးရှိထားပါတယ်”ဟု ပြောကြားသွားခဲ့သည်။

comments

error: Content is protected !!