အာဆင်နယ်ကွင်းလယ်လူ ၀ီလ်ရှိုင်းယား ၃လခန့် အနားယူရတော့မည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
482186912
ဒဏ်ရာကြောင့် ၃ လခန့်အနားယူရတော့မည့် ၀ီလ်ရှိုင်းယား

အာဆင်နယ်အသင်းကွင်းလယ်ကစားသမား ၀ီလ်ရှိုင်းယား၏ ဘယ်ခြေထောက်ကြွက်သားဒဏ်ရာမှာ
ခွဲစိတ်ကုသရမည်ဖြစ်သောကြောင့် ၃ လခန့်အနားယူရတော့မည်ဖြစ်ကြောင်း သိရှိရသည်။

ပြီးခဲ့သည့်တစ်ပတ်တွင် အသင်းနည်းပြအာစင်ဝင်းဂါးက ၀ီလ်ရှိုင်းယားရရှိခဲ့သော ဒဏ်ရာမှာ ပြင်းထန်ခြင်းမရှိသဖြင့်
ပြန်လည်ကောင်းမွန်ရန်နီးစပ်နေသည်ဟု ပြောကြားခဲ့သော်လည်း နောက်ဆုံးဆေးစစ်မှုအရ ခွဲစိတ်ကုသရန်လိုအပ်ကြောင်းတွေ့ရှိခဲ့ပြီးနောက်
လာမည့်ရက်အနည်းငယ်အတွင်း ခွဲစိတ်မည်ဖြစ်ကြောင်းသိရှိရသည်။

ဝီလ်ရှိုင်းယား ၃ လ အနားယူရမည်ဆိုသောသတင်းမှာ ခရစ္စမတ်ကာလတွင်မှ ပြန်လည်ကောင်းမွန်နိုင်သည့်
တိုက်စစ်မှူးဝဲလ်ဘတ်ကို ဆုံးရှုံးထားရသော အာဆင်နယ်အသင်းအတွက် နောက်ထပ်ထိုးနှက်ချက်တစ်ခုဖြစ်လာခဲ့သည်။

အာဆင်နယ်အသင်းသည် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ခရိုအေးရှားကလပ် ဒိုင်နမိုဇာဂရက်နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး
နောက်ခံလူမာတီဆက်ကာသည်လည်း အသေးစားကားမတော်တဆမှုဖြစ်ခဲ့ပြီး ကြံ့ခိုင်မှုမပြည့်ဝသဖြင့် အသင်းလူစာရင်းတွင် မပါဝင်ကြောင်းသိရှိရသည်။

comments

error: Content is protected !!