အာရှ ခြေစစ်ပွဲအတွက် ယူ-၁၉ အသင်း စခန်းသွင်း လေ့ကျင့်မှု စတင်ပြုလုပ်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
myanmar vs vietnam use
အာဆီယံယူ-၁၉ပြိုင်ပွဲ ဗီယက်နမ် ၂-၀ မြန်မာပွဲစဉ်မှ အကြိတ်အနယ်မြင်ကွင်းတစ်ခု။

အောင်သော်ဖြိုး။

ရန်ကုန်၊စက်တင်ဘာ ၁၅။

မြန်မာ ယူ-၁၉အသင်း ဝင်ရောက် ယှဉ်ပြိုင်မည့် အာရှ ယူ-၁၉ ခြေစစ်ပွဲကို စက်တင်ဘာလ ၂၈ရက်နေ့ တွင် ကျင်းပမည် ဖြစ်ပြီး ပဏာမ ယူ-၁၉ လက်ရွေးစင် အသင်းကို နိုဝင်ဘာလ ၁၄ရက်နေ့မှ စတင်ကာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် Goal ဟိုတယ်တွင် စတင်စခန်းသွင်း လေ့ကျင့်နေပြီဖြစ်ကြောင်း သိရသည်။

မြန်မာ ယူ-၁၉အသင်းသည် အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ အပြီး နှစ်ရက်သာ အနားယူခဲ့ပြီး ကစားသမား အသစ်များကို ခေါ်ယူ စမ်းသပ်မှုပြုလုပ်ပြီးနောက် ပဏာမကစားသမား၂၃ဦး ရွေးချယ်ကာ စခန်းသွင်း လေ့ကျင့်ခြင်းဖြစ်ပြီး ခြေစွမ်းအပေါ်ကြည့်ကာ နောက်ဆုံးအကြိမ် အထိ လူစာရင်း အပြောင်းအလဲ ရှိမည်ဟု မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်သည်။

အာဆီယံ ယူ-၁၉ ပြိုင်ပွဲတွင် အုပ်စုအဆင့်မှ ထွက်ခဲ့ရသည့် လူစာရင်းကို နည်းပြချုပ်မစ္စတာ ဂတ်ဖရိုင်းဒရစ်ခ်ျ က(၈)ဦးထိ အပြောင်းအလဲလုပ်ကာ ရွေးချယ်ထားခြင်းဖြစ်ကြောင်းသိရသည်။

မြန်မာ ယူ-၁၉အသင်း သည် အုပ်စု အဖွင့်ပွဲစဉ်တွင် စက်တင်ဘာ ၃၀ရက်တွင် ဘရူနိုင်းအသင်း နှင့် စတင် ယှဉ်ပြိုင်မည် ဖြစ်ပြီး ဗီယက်နမ်၊ဟောင်ကောင်၊တီမောအသင်းတို့နှင့် တစ်အုပ်စုတည်း ယှဉ်ပြိုင်ရမည် ဖြစ်ကာ အဆိုပါ ခြေစစ်ပွဲကို အောင်မြင်ခဲ့ပါက မြန်မာ အသင်းအနေဖြင့် ဘာရိန်းနိုင်ငံတွင်ကျင်းပမည့်အာရှယူ-၁၉ ချန်ပီယံရှစ် ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရမည် ဖြစ်သည်။

ပြီးခဲ့သည့်သြဂုတ်လက ကျင်းပခဲ့သည့် အာဆီယံ ယူ-၁၉ ပြိုင်ပွဲတွင် မြန်မာ ယူ-၁၉ ဘောလုံးအသင်းအနေဖြင့် စင်ကာပူ အသင်းကို ၁ ဂိုး ဂိုးမရှိ ၊အရှေ့တီမောအသင်းကို ၁ဂိုး၁ဂိုး သရေ ရလဒ်နှင့် မလေးရှားအသင်းကို ၁ဂိုး ဂိုးမရှိ နှင့်  ဗီယက်နမ်အသင်းကို ၂ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့် ကာ အုပ်စု အဆင့်မှ ထွက်ခဲ့ရသည်။

comments

error: Content is protected !!