ချန်ပီယံလိဂ်ဖလားရရှိပါက ပီအက်စ်ဂျီအသင်းမှ ထွက်ခွာမည်ဟု သီယာဂိုဆေးလ်ဗားဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
484791454
လီဂူး-၁ ပွဲစဉ်တစ်ပွဲတွင်တွေ့ရသည့် သီယာဂိုဆေးလ်ဗား

ပြင်သစ်ထိပ်သီးပီအက်စ်ဂျီအသင်းခေါင်းဆောင် သီယာဂိုဆေးလ်ဗားက အသင်းမှထွက်ခွာမည့်အချိန်မှာ
ချန်ပီယံလိဂ်ဆုဖလားရရှိခဲ့ပါက ဖြစ်လာနိုင်ကြောင်း၊ ကစားသမားဘ၀အိမ်က်တစ်ခုဖြစ်သည့် ချန်ပီယံလိဂ်ဆုဖလားကို
ကစားသမားဘ၀မကုန်ဆုံးမီ ရယူလိုကြောင်း ဖွင့်ဟပြောကြားသွားခဲ့သည်။

ပီအက်စ်ဂျီအသင်းအနေဖြင့် ၂၀၁၅-၁၆ ဘောလုံးရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲ၌ အုပ်စု (က)အတွင်း ကျရောက်နေပြီး
ဆွီဒင်ကလပ် မယ်လ်မို၊ ယူကရိန်းကလပ် ရှက်တာဒိုးနက်၊ စပိန် ထိပ်သီး ရီးရဲလ်အသင်းတို့နှင့် တစ်အုပ်စုတည်းကျရောက်နေသည်။

“ပီအက်စ်ဂျီအသင်းကို စွန့်ခွာမယ့်အချိန်က ချန်ပီယံလိဂ်ဆုဖလား ရရှိခဲ့ပြီးမှ ဖြစ်လာမှာပါ။ ကစားသမားဘ၀ အိမ်မက်တစ်ခုဖြစ်သလို
လက်ရှိအသင်းမှာ ရှိနေတဲ့ ကစားသမားတွေ အတွက်လည်း ချန်ပီယံလိဂ် ပြိုင်ပွဲက အရေးကြီးဆုံး ပြိုင်ပွဲဖြစ်လာခဲ့ပါပြီ။
အသင်းအနေနဲ့လည်း ချန်ပီယံလိဂ်ဆုဖလားရယူဖို့ လုံလောက်တဲ့အခြေအနေကို ပိုင်ဆိုင်ထားပြီလို့ ယုံကြည်ထားပါတယ်” အသင်းခေါင်းဆောင် သီယာဂိုဆေးလ်ဗားက ဆိုခဲ့သည်။

ပီအက်စ်ဂျီအသင်းအနေဖြင့် ပြီးခဲ့သည့်နှစ်ပြိုင်ပွဲတွင် ဘာစီလိုနာအသင်းအား အရေးနိမ့်ခဲ့သည့်အတွက် ကွာတားဖိုင်နယ်အဆင့်မှထွက်ခွာခဲ့ရသည်။
သီယာဂိုဆေးလ်ဗားက လက်ရှိချန်ပီယံဘာစီလိုနာ၊ ရီးရဲလ်၊ ချဲလ်ဆီး၊ ဘိုင်ယန်မြူးနစ် နှင့် မန်စီးတီးအသင်းတို့မှာလည်း
ချန်ပီယံလောင်းအသင်းများအဖြစ် သတ်မှတ်ရမည်ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

comments

error: Content is protected !!