ဒီပြိုင်ပွဲမှာ မြန်မာ အမျိုးသမီး အသင်းက ထိုင်းကို အနိုင်ချင်ဆုံးပဲ။
|
၂၀၁၆ အိုလံပစ် အမျိုးသမီး ပြိုင်ပွဲ ဒုတိယ အဆင့် ခြေစစ်ပွဲ ဝင်ရောက် ယှဉ်ပြိုင်နေ သည့် မြန်မာ အမျိုး သမီး ဘောလုံး အသင်း နှင့် ပြိုင်ဘက် ထိုင်း အသင်း တို့ တွေ့ဆုံ မည့် အုပ်စု ဒုတိယပွဲစဉ် အတွက် နည်းပြချုပ် ဒေါ် သက်သက်ဝင်းကို သုံးသပ်ချက်များ မေးမြန်းခဲ့သည်။
– မေး – မြန်မာ အမျိုးသမီး အသင်း အနေနဲ့ အဖွင့်ပွဲစဉ် မှာဂျော်ဒန် အသင်းကို အနိုင်ယူ နိုင်ခဲ့တယ်။ အသင်း ရဲ့ လက်ရှိခြေစွမ်း ကို သုံးသပ်ပေး ပါအုန်း။
ဖြေ – အသင်း က နိုင်ပွဲရရှိပေမယ့် ကစားပုံကို အားမရသေး ပါဘူး။ ကစား သမားတွေရဲ့ အားထုတ်မှု ကိုတော့ ချီးကျူးပါ တယ်။
– မေး – အသင်းရဲ့ အဓိက ပြင်ဆင်ရမယ့် အားနည်း ချက်တွေက ဘာတွေဖြစ်မလဲ။
ဖြေ – အမျိုးသမီး အသင်းရဲ့ အဓိက အားနည်းချက်က ကွင်းလယ်ပိုင်းပါ။ နောက်ပြီး ရှေ့တန်း တိုက်စစ် မှူးတွေ က လဲ တစ်ဦး ချင်းကောင်းကြ ပေမယ့် Team Work နဲ့ ကစားတာ အားနည်းတယ်။ အဲဒီ အချက်တွေ အားလုံးကို ပြင်ဆင် သွားမှာပါ။
– မေး – မနက်ဖြန်မှာ အစဉ်အလာ ပြိုင်ဘက် ထိုင်း အသင်း နဲ့တွေ့မယ် နော်။ ထိုင်းအသင်း ကိုကျော်ဖြတ် နိုင်ပါ့ မလား။
ဖြေ – မြန်မာ အမျိုးသမီး အသင်း သားတွေရော။ နည်းပြတွေရော ဒီပြိုင်ပွဲမှာ အနိုင် ယူချင်ဆုံးက ထိုင်း အသင်းပါ။ ထိုင်း ပွဲစဉ် အတွက် သေချာပြင် ဆင်ထား တယ်။ အကောင်း ဆုံးကြိုးစား သွားမှာပါ။
– မေး- ထိုင်း အသင်းရဲ့ ခြေစွမ်းပိုင်း ကိုလည်း သုံးသပ်ပေးပါဦး။
ဖြေ – ထိုင်း အသင်း ကရှေ့၊ လယ်၊ နောက်၊ ဂိုး အားလုံးကောင်းတဲ့ အသင်း တစ်သင်း ပါ။မြန်မာ အသင်း အနေနဲ့ထိုင်း အသင်းကို နိုင်ချင်တယ် ဆိုရင် ပထမပွဲ ထက်ကာင်း မွန်ဖို့လိုပါ တယ်။အသင်း သားတွေလဲကြိုး စားနေကြ ပါတယ်။
– မေး – မနက်ဖြန်ပွဲမှာ သန်းသန်းထွေးနဲ့ ခင်မာလာထွန်းတို့ ပါနိုင် မလား။
ဖြေ – သန်းသန်းထွေးနဲ့ ခင်မလာထွန်း တို့ရဲ့ ကြံ့ခိုင်မှုကို အားမရလို့ မသုံးသေး တာပါ။ သူ့တို့ အသက် အရွယ်ကလဲ ကြီးလာပြီ ဆိုတော့ သူတို့ နေရာမှာ လူငယ်တွေကို အစားထိုးဖို့ ကြိုးစားနေ ပါတယ်။ ကြံခိုင်မှု ပြည့်ရင် သုံးသွားမှာပါ။
– မေး – နည်းပြ အနေနဲ့ ဒီအုပ်စု ကိုကျော်ဖြတ် နိုင်မယ်လို့ ထင်လား။
ဖြေ – ဒီပွဲကို လာပြိုင် ကတည်းက အုပ်စုကျော်ဖြတ် ရမယ် ဆိုပြီး လာပြိုင်တာပါ။ ကစား သမားတွေရော နည်းပြတွေရော အကောင်းဆုံး ကြိုးစားသွားမှာပါ။
အခုလိုဖြေကြားပေးတဲ့ အတွက် နည်းပြချုပ် ဒေါ် သက်သက်ဝင်း ကို Football Channel Myanmar က အထူး ကျေးဇူးတင်ရှိပါတယ်။
အောင်သော်ဖြိုး မေးမြန်းသည်။
Next : CSKA မော်စကိုတိုက်စစ်ကို စိတ်လှုပ်ရှားမိကြောင်း ၀ုလ်ဖ်ဘတ်နည်းပြပြောကြား